ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်

ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ဇူလိုင် ၂၆

၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၊ သီဟသူရထွန်းတင်ခန်းမ၌ ပြုလုပ်ရာ ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းလူ နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်လေ့ကျင့်ရေးဌာနချုပ်မှူး က အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်း များ၏ ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူ များနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော တနင်္သာရီရေတပ်စခန်းဌာနချုပ်အသင်းတို့အား ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်လေ့ကျင့်ရေးဌာနချုပ်မှူးနှင့် အဖွဲ့ဝင်များ က တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ကြ သည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကွပ်ကဲမှု အောက် ရေတပ်စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းဖြင့် ဇူလိုင် ၂၂ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Friday, July 26, 2024 - 19:01