ကျိုင်းတုံမြို့၊ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကြီး၌ ဌာနဆိုင်ရာများ စုပေါင်း၍ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဝါတွင်းကာလ ဆွမ်းဆန်တော်လောင်းလှူ

ကျိုင်းတုံမြို့၊ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကြီး၌ ဌာနဆိုင်ရာများ စုပေါင်း၍ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဝါတွင်းကာလ ဆွမ်းဆန်တော်လောင်းလှူ

နေပြည်တော်၊ ၂၀၂၄ ဇူလိုင်-၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူ ဘုရားကြီး၌ ဌာနဆိုင်ရာများစုပေါင်း၍ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဝါတွင်းကာလ ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့နံနက်ပိုင်း တွင် အဆိုပါရပ်တော်မူဘုရားကြီး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရာက်ကြသည်။ 

အဆိုပါ ဝါတွင်းကာလ ဆွမ်းဆန်တော်လောင်းလှူပွဲသို့ ကျိုင်းတုံမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၄၀ ကျောင်းနှင့် သီလရှင်ကျောင်း ၁ ကျောင်းတို့မှ သံဃာတော် များနှင့် သာသနာ့နွယ်ဝင်သီလရှင် စုစုပေါင်းအပါး ၃၀၀  ကြွရောက်တော်မူကြပြီး ဒုတိယတိုင်းမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ စုပေါင်း၍ ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေများ လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။

Dates: 
Saturday, July 27, 2024 - 16:00