မိုင်းယောင်းမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်အတွင်းရှိ သံဃာတော် များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

မိုင်းယောင်းမြို့နယ်၊ မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်အတွင်းရှိ သံဃာတော် များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ ဝမ်မန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၄၈၅ ဦးတို့ကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့က ဝမ်တုံ့ကျေးရွာဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဝါးပတောကျေးရွာအုပ်စု၊ ဝါးပတောကျေးရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၃၆ ပါး၊ သာသနာ နွယ်ဝင်သီလရှင် ၃၂ ပါးနှင့် ဒေသခံပြည်သူ ၁၅၈ ဦးတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေးအဖွဲ့ကအဆိုပါကျေးရွာရှိ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းတိုက်၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော် ရပ်ကွက်၊ မဟာခေမိကာရာမ သစ်ဆိမ့်ကျောင်းတိုက်ရှိ သံဃာတော် ၈၀ ပါးနှင့် ဒေသခံပြည်သူ ၇၃ ဦးတို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်းတိုက်၌ လည်းကောင်း ယနေ့တွင် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား နှလုံးရောဂါ၊ သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ အရိုးအကြောရောဂါ၊ အစာအိမ်နှင့်အူ လမ်းကြောင်းဆိုင်ရာ ရောဂါ၊ ဦးနှောက်နှင့် အာရုံကြောရောဂါ၊ မျက်စိရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့်နှလုံး စမ်းသပ်စစ်ဆေး ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံ များသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Dates: 
Saturday, July 27, 2024 - 16:04