​​​​​​​အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏  (၃၆) ကြိမ်မြောက် အလုပ် အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် (၂၃) ကြိမ်မြောက် အထွေထွေညီလာခံသို့  မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့တက်ရောက်

အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့ VECONAC ၏  (၃၆) ကြိမ်မြောက် အလုပ် အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် (၂၃) ကြိမ်မြောက် အထွေထွေညီလာခံသို့  မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့တက်ရောက်

နေပြည်တော် ဇူလိုင် ၂၇

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁)  ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်(အငြိမ်းစား)ဦးဆောင်သောမြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း  ကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူသမ္မတ နိုင်ငံ Swissotel The Stamford ဟိုတယ် တွင် ဇူလိုင်လ ၂၅ ရက်၌ ကျင်းပပြုလုပ် သည့် အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်း အဖွဲ့ VECONAC ၏ (၃၆)ကြိမ်မြောက်  အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးသို့  တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေး သို့ VECONAC အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ  စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌများနှင့်  ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး  အစည်းအဝေးတွင် (၂၃)ကြိမ်မြောက်  အထွေထွေညီလာခံသို့ တင်သွင်းမည့်  ဆုံးဖြတ်ချက် (၈)ချက်ကို ပြန်လည်သုံးသပ် ခြင်းနှင့် ဆွေးနွေးခြင်းများဆောင်ရွက်၍  အတည်ပြုရန်ဆုံးဖြတ် ခဲ့ကြသည်။

အာဆီယံနိုင်ငံများစစ်မှုထမ်းဟောင်းအဖွဲ့  (၂၃) ကြိမ်မြောက် အထွေထွေညီလာခံကို  ဇူလိုင်လ ၂၆ ရက်တွင်ကျင်းပရာအဆိုပါအထွေထွေညီလာခံသို့ VECONAC အဖွဲ့ဝင် နိုင်ငံ ၁၀ နိုင်ငံမှ စစ်မှုထမ်းဟောင်း အဖွဲ့ဥက္ကဋ္ဌများနှင့်ဇနီးများ၊  ကိုယ်စားလှယ် အဖွဲ့ဝင်များ၊လေ့လာသူများနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက် ခဲ့ကြပြီး နိုင်ငံအလိုက်အစီရင်ခံစာတင်သွင်း ခြင်းအစီအစဉ် တွင်မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့၏အစီရင်ခံစာကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှု ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁)  ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်(အငြိမ်းစား)က  ဖတ်ကြားတင်သွင်းဆွေးနွေးခဲ့သည်။

အဆိုပါ အထွေထွေညီလာခံ၌ အာဆီယံနိုင်ငံများ  စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၆) ကြိမ်မြောက်  အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင်  ဆွေးနွေးဆုံးဖြတ်ခဲ့ကြ သည့် ဆုံးဖြတ်ချက်  (၈)ချက်အားအတည်ပြုကြပြီး VECONAC  အဖွဲ့ဝင် ၁၀ နိုင်ငံမှ စစ်မှုထမ်းဟောင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက  ပူးတွဲကြေညာချက်တွင် လက်မှတ်ရေးထိုး မှတ်တမ်းတင်ခဲ့ကြောင်း သတင်းရရှိ သည်။

Dates: 
Sunday, July 28, 2024 - 03:17