ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ လုံခြုံရေးဆိုင်ရာအကြီးအကဲများ၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်နှင့်အဖွဲ့ဝင်များ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ လုံခြုံရေးဆိုင်ရာအကြီးအကဲများ၊ ဘင်းမ်စတက် အတွင်းရေးမှူးချုပ်နှင့်အဖွဲ့ဝင်များ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

နေပြည်တော် ဇူလိုင် ၂၇

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် ဘင်းမ်စတက်  အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေး (4th BIMSTEC National Security Chiefs' Meeting)  တက်ရောက်ပြီး ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်  ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊  သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့မှ အမျိုးသား လုံခြုံရေးဆိုင်ရာအကြီးအကဲများ၊ ဘင်းမ် စတက်အတွင်း ရေးမှူးချုပ်နှင့် ၎င်းတို့၏ဇနီးများ၊ အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်မှ ရန်ကုန်မြို့သို့ လေကြောင်း ခရီးဖြင့် ပြန်လည်ထွက်ခွာ သွားကြ သည်။

ဘင်းမ်စတက်အမျိုးသားလုံခြုံရေးဆိုင်ရာအကြီးအကဲများ၊ဘင်းမ်စတက် အတွင်း ရေးမှူးချုပ်နှင့် ၎င်းတို့၏ဇနီးများ၊ အဖွဲ့ဝင်များအားနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ နေပြည်တော်ကောင်စီဝင်  ဗိုလ်မှူးကြီးရဲမိုးနှင့် သက်ဆိုင်ရာဌာနများမှ  တာဝန်ရှိ သူများက နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြ သည်။

အဆိုပါ ဘင်းမ်စတက်အမျိုးသားလုံခြုံရေး ဆိုင်ရာအကြီးအကဲများ၊ ဘင်းမ်စတက် အတွင်း ရေးမှူးချုပ်နှင့် ၎င်းတို့၏ဇနီးများ၊ အဖွဲ့ဝင်များသည် ရန်ကုန်မြို့မှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လေကြောင်းခရီးဖြင့် ဆက်လက် ထွက်ခွာ သွားကြကြောင်း သိရသည်။

Dates: 
Sunday, July 28, 2024 - 03:40