ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ဆက်လက်ကျင်းပ၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ၊ နေပြည်တော်အသင်းနှင့် ပဲခူးတို်င်းဒေသကြီး အသင်းတို့ တစ်ဂိုးစီသရေကျ
နေပြည်တော် ဇူလိုင် ၂၇
၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသ ကြီး အသက် ၂၁ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများကို ယနေ့ညနေ ၃ နာရီတွင် ပေါင်းလောင်း အားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
ယနေ့ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်း၌ စစ်ကိုင်းတိုင်းဒေသကြီး အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင်းရေးကွင်း အမှတ်(၁)၌ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် ၁ ဂိုးစီဖြင့် သရေရလဒ်ဖြစ်ပေါ်ခဲ့သည်။
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၈ရက်(ယနေ့) ညနေ ၃ နာရီတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်း အားကစားကွင်း၌ ချင်းပြည်နယ်အသင်းနှင့် ကယားပြည်နယ်အသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁) ၌ မွန်ပြည်နယ် အသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။