လက်ရှိဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏ လုပ်ခလစာအများဆုံး ကစားသမားစာရင်းတွင် အယ်နာဆာအသင်း တိုက်စစ်မှူး စီရော်နယ်ဒို ထိပ်ဆုံး၌ အပြတ်အသတ်ရပ်တည်နေ

 

လက်ရှိဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏ လုပ်ခလစာအများဆုံး ကစားသမားစာရင်းတွင် အယ်နာဆာအသင်း တိုက်စစ်မှူး စီရော်နယ်ဒို ထိပ်ဆုံး၌ အပြတ်အသတ်ရပ်တည်နေ

 

     လက်ရှိဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏  လုပ်ခလစာ အများဆုံး ကစားသမားစာရင်းတွင် အယ်နာဆာအသင်း တိုက်စစ်မှူး စီရော်နယ်ဒိုက ပြိုင်ဘက်အသင်းကစား သမားများထက်  ထိပ်ဆုံး၌  အပြတ်အသတ် ရပ်တည်နေကြောင်း သိရသည်။

အသက် ၃၉ နှစ်အရွယ် စီရော်နယ်ဒိုသည် ၂၀၂၃ ခုနှစ်က မန်ယူအသင်းနှင့် စာချုပ်ဖျက်သိမ်းကာ လမ်းခွဲပြီးနောက် အယ်နာဆာအသင်းသို့ အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး စီရော်နယ်ဒိုသည် အယ်နာဆာအသင်းတွင် တစ်နှစ် လုပ်ခလစာ ယူရို သန်း ၂၀၀ အထိရရှိနေပြီး လုပ်ခလစာအများဆုံး ကစားသမားစာရင်းတွင်  တခြားထိပ်တန်းပြိုင်ဘက် အသင်းကစားသမားများထက် ထက်ဝက်ခန့် မြင့်မား နေခြင်းဖြစ်သည်။

ဆော်ဒီပရိုလိဂ်ပြိုင်ပွဲသို့    စီရော်နယ််ဒိုပြီးနောက် ဥရောပမှ   ထိပ်တန်း ကစားသမားများဖြစ်သည့်  ဘင်ဇီမာ၊  နေမာ၊  ကန်တီ၊  ဖာဘင်ဟို၊  နာဗက်၊ မက်ထရိုဗစ်ချ်၊  မာရက်ဇ်  စသည့်ကစားသမားများ လည်း ပြောင်းရွှေ့ လာခဲ့ကြသော်လည်း လုပ်ခလစာ စာရင်းတွင်    ၎င်းတို့အနေဖြင့်    စီရော်နယ်ဒိုကို လိုက်မမီနိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဆော်ဒီပရိုလိဂ် ပြိုင်ပွဲတွင်  လုပ်ခလစာ အများဆုံး ကစားသမားစာရင်းတွင်  စီရော်နယ်ဒို၏နောက်၌  ဘင်ဇီမာနှင့်  နေမာတို့က  တစ်နှစ်လုပ်ခ လစာ ယူရို သန်း ၁၀၀ စီဖြင့် ဒုတိယနေရာ၌သာ  ရပ်တည်နေကြောင်း သိရသည်။

Dates: 
Sunday, July 28, 2024 - 18:25