တပ်မတော်စစ်သမိုင်းပြတိုက်တွင် ခင်းကျင်းပြသနိုင်ရန် ပစ္စည်းများပေးပို့လှူဒါန်းနိုင်ကြောင်း ကြေညာချက်

အမျိုးသားရေး ယုံကြည်ချက်နှင့် ခံယူချက်ပြည့်ဝသည့် မြန်မာ့တပ်မတော်၏  လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ် တစ်လျှောက် လုံးတွင် ရှေ့ဆုံးမှဦးဆောင်၍ ရဲဝံ့ပြောင်မြောက်စွာ စွန့်စားတိုက်ပွဲဝင်ခဲ့မှု၊ လွတ်လပ်ရေးရရှိပြီး နောက် နိုင်ငံတော်၏လွတ်လပ်ရေး နှင့်အချုပ်အခြာအာဏာကို စွန့်လွှတ်ပေးဆပ်မှုများဖြင့် ထိန်းသိမ်းကာကွယ် ခဲ့မှု၊ အမျိုးသားရေးကို အစဉ်ဦးထိပ်ထား၍ နိုင်ငံတော်တွင် အခက်အခဲနှင့် ဘေးအန္တရာယ်များ ကြုံတွေ့ချိန်တိုင်း အသက်ကို ပဓာနမထားဘဲ ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည် ဆောင်ရွက်ခဲ့မှု၊ ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ စည်းလုံး ညီညွတ်ရေးတို့ကို အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့မှု စသည့်သမိုင်းဝင် မှတ်တမ်းများကို ရဟန်းရှင်လူပြည်သူ အပေါင်းက   တွေ့မြင်သိရှိ လေ့လာနိုင်ရန်နှင့်   မျိုးဆက်သစ်လူငယ်များအနေဖြင့်  မျိုးချစ်စိတ်ထက်သန်စွာ  နိုင်ငံတော်၏လွတ်လပ်ရေးနှင့်   အချုပ်အခြာအာဏာကို   ထိန်းသိမ်းကာကွယ် စောင့်ရှောက်လိုသည့် စိတ်ဓာတ် များ  ပေါ်ပေါက်လာစေရန် ရည်ရွယ် ဖွင့်လှစ်ခဲ့သည့် တပ်မတော် စစ်သမိုင်းပြတိုက်တွင် ခင်းကျင်းပြသနိုင်ရန် အတွက် ရဟန်းရှင်လူ ပြည်သူများထံတွင် ထိန်းသိမ်းထားရှိသော မြန်မာ့တပ်မတော်စတင်ဖွဲ့စည်းခဲ့သည့် ဗမာ့ လွတ်လပ်ရေး တပ်မတော်မှအစပြု၍ ခေတ်အဆက်ဆက် တပ်မတော်တွင် အသုံးပြုခဲ့သော စစ်ဝတ်တန်ဆာ ပလာ အသုံးအဆောင်ပစ္စည်းများအား အများပြည်သူ လေ့လာကြည့်ရှုနိုင်စေရန် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ် ပေးပို့ လှူဒါန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

တပ်မတော် စစ်သမိုင်းပြတိုက်

ဝ၃၁-၇၄၃၃ဝ၊ ဝ၃၁-၇၄၃၃၉