ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
တောင်ငူ ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး တောင်ငူပညာရေး ဒီဂရီကောလိပ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ် ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင်လ ၂၀ ရက်မှ စ၍ ကျင်းပလျက်ရှိရာ ဇူလိုင်လ ၂၇ ရက်က ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပသည်။
ပိုက်ကျော်ခြင်း(အမျိုးသား)နှစ်ယောက်တွဲ ပွဲစဉ်တွင် ပထမဆုကို မြောင်းမြအသင်း၊ ဒုတိယဆုကို မုံရွာအသင်း၊ တတိယဆုကို ရန်ကင်းအသင်း၊ သုံးယောက်တွဲ ပွဲစဉ်တွင် ပထမဆုကို သင်္ဃန်းကျွန်းအသင်း၊ ဒုတိယဆုကို မိတ္ထီလာအသင်း၊ တတိယဆုကို တောင်ငူအသင်း၊ လေးယောက်တွဲပွဲစဉ် တွင် ပထမဆုကို တောင်ငူအသင်း၊ ဒုတိယ ဆုကို မြောင်းမြအသင်းနှင့် တတိယဆုကို ရန်ကင်းအသင်းတို့က ရရှိကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပရာ ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးဖြူဇင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်း(အမျိုးသား)နှစ်ယောက်တွဲ၊ သုံးယောက်တွဲနှင့် လေးယောက်တွဲပြိုင်ပွဲများတွင် ဆုရရှိကြသည့် အသင်းများ၊ အကောင်းဆုံး အားကစားသမားဆု၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး အားကစားသမားဆုနှင့် တံခွန်စိုက်ဆုရရှိသည့် မြောင်းမြအသင်းတို့ကို ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။