ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများ ကျင်းပ၊ ကယားပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို ၃ ဂိုး ၂ ဂိုး၊ မွန်ပြည်နယ်အသင်းက ရခိုင်ပြည်နယ် အသင်းကို သုံးဂိုးပြတ်ဖြင့် အသီးသီး အနိုင်ရ

 

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများ ကျင်းပ၊  ကယားပြည်နယ်အသင်းက ချင်းပြည်နယ်အသင်းကို ၃ ဂိုး ၂ ဂိုး၊ မွန်ပြည်နယ်အသင်းက ရခိုင်ပြည်နယ် အသင်းကို သုံးဂိုးပြတ်ဖြင့် အသီးသီး အနိုင်ရ 

 

နေပြည်တော်  ဇူလိုင်  ၂၈

    မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများကို ယနေ့ညနေ ၃ နာရီတွင် ပေါင်းလောင်း အားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ်(၁)တို့၌  ကျင်းပခဲ့သည်။

ယနေ့ ဘောလုံး(အမျိုးသား) အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်းအားကစားကွင်း၌   ချင်းပြည်နယ်အသင်းနှင့်  ကယားပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကယားပြည်နယ် အသင်းက ချင်းပြည်နယ်အသင်းကို   ၃ ဂိုး  ၂ ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ မွန်ပြည်နယ် အသင်းနှင့်    ရခိုင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မွန်ပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို   ၃ ဂိုး  ဂိုးမရှိ ဖြင့် လည်းကောင်း   အသီးသီး အနိုင်ရရှိခဲ့သည်။ 

ဇူလိုင်လ ၂၉ ရက် (ယနေ့) ညနေ ၃ နာရီတွင်  ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက်   ဘောလုံး(အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပေါင်းလောင်း အားကစားကွင်း၌  တနင်္သာရီတိုင်းဒေသကြီး အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း  လေ့ကျင့်ရေးကွင်းအမှတ်(၁)၌   ရှမ်းပြည်နယ်အသင်းနှင့်  ကရင်ပြည်နယ်အသင်းတို့   ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်၍ ဘောလုံးအားကစား ဝါသနာရှင်များအနေဖြင့် မည်သူမဆိုအခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။

Dates: 
Monday, July 29, 2024 - 10:28