မန်ယူအသင်း၏ လာမည့်ဘောလုံးရာသီတွင် ဝတ်ဆင်မည့် အဝေးကွင်း ဂျာစီသစ်ကို စျေးနှုန်း မြှင့်တင်ထားသော်လည်း စံချိန်တင် ရောင်းချနေရ

 

မန်ယူအသင်း၏ လာမည့်ဘောလုံးရာသီတွင် ဝတ်ဆင်မည့် အဝေးကွင်း ဂျာစီသစ်ကို စျေးနှုန်း မြှင့်တင်ထားသော်လည်း စံချိန်တင် ရောင်းချနေရ

 

      မန်ယူအသင်း၏      လာမည့် ဘောလုံးရာသီတွင် ဝတ်ဆင်မည့်  အဝေးကွင်းဂျာစီသစ်ကို  တရားဝင် မိတ်ဆက်ခဲ့ပြီးနောက်   စျေးနှုန်းမြှင့်တင်ထားသော်လည်း စံချိန်တင် ရောင်းချနေရကြောင်း သိရသည်။

Adidas  က မန်ယူအသင်း လာမည့် ဘောလုံးရာသီတွင် ဝတ်ဆင်မည့် အဝေးကွင်းဂျာစီသစ်ကို  အပြာရောင်အသုံးပြုထားပြီး ဒီဇိုင်းပိုင်းမှာ ၁၉၉၀ ပြည့်နှစ်က အသုံးပြုခဲ့သည့်     အဝေးကွင်းဂျာစီကို အခြေခံ၍ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ကာ ဂျာစီပခုံးပေါ်တွင်လည်း အပြာရောင်နှင့်    အဖြူရောင်ရောစပ်ထားသည့်  အစင်းကြောင်း သုံးကြောင်းကို ထည့်သွင်းထားသည်။

မန်ယူအသင်း၏    အဝေးကွင်း ဂျာစီပခုံးပေါ်တွင် အသုံးပြုထားသော  အပြာရောင်နှင့်   အဖြူရောင်ရောစပ်ထားသည့် အစင်းကြောင်းသုံးကြောင်းသည် မန်ချက်စတာမြို့၌ ပေါင်းဆုံသော Irk မြစ်၊ Medlock  မြစ်နှင့် Irwell     မြစ်သုံးစင်းကို ကိုယ်စားပြု ဖန်တီးထားခြင်းဖြစ်သည်။

မန်ယူအသင်း၏ အဝေးကွင်း ဂျာစီများတွင် အပြာရောင်ကို  အများဆုံး အသုံးပြုလေ့ရှိကာ    လာမည့်ဘောလုံးရာသီတွင်လည်း     အပြာရောင်ကို  ဒီဇိုင်းဆန်းပြားစွာ ဖန်တီးထားသည့်အတွက် အသင်းပရိသတ်များ၏   စိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး   အသင်းဂျာစီ တရားဝင်မိတ်ဆက်ချိန်မှစ၍   တရားဝင်ရောင်းချခဲ့ရာတွင်  ဆိုင်များ၌   ပစ္စည်းပြတ်လပ်သည်အထိ စံချိန်တင်ရောင်းချခဲ့ရသည်။

မန်ယူအသင်း၏    အဝေးကွင်းဂျာစီ  တရားဝင်ရောင်းချရာတွင် တစ်ထည်စျေးနှုန်းကို စတာလင်ပေါင် ၈၀ မှ ၁၁၀ အထိ စျေးနှုန်းမြှင့်တင်ထားသော်လည်း အသင်းပရိသတ်များက   ဂျာစီဒီဇိုင်းနှင့် အရောင်ကို ကြိုက်နှစ်သက်သည့်အတွက် စံချိန်တင်ရောင်းချခဲ့ရပြီး လက်ရှိတွင် ဆိုင်များ၌ ပစ္စည်းများ ပြတ်လပ်နေကြောင်း  သိရသည်။

Dates: 
Monday, July 29, 2024 - 12:27