တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန် ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန် ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  ဇူလိုင်  ၂၈

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၅ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ကုန်သေတ္တာ(၁)လုံးအတွင်းမှ  သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့်Shoe Making Machinery and Equipment (၁)လုံး အပါအဝင် ကုန်ပစ္စည်း (၂)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၄၂၃၂၃)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဇူလိုင်လ ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏    စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ   ကျွဲတပ်ဆုံစစ်ဆေးရေးစခန်း၌    မော်တော်ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့်   ကွဲလွဲစွာပါရှိလာသည့် 60%Cotton 40% Polyester Pique (၆၀၄၂)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၀၆၄၆၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၃၀၆၄၆၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၂၆ ရက်တွင် ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ မောတောင်မြို့မှ   ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် My Boy နို့ဆီနှင့် နို့စိမ်းဘူး(၁၆၈၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၄၉၀၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Headိ (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀) နှင့် ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ မြိတ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့်    မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ယိုးဒယား စာတမ်းပါ ပဲပိစပ်ဆီ (၅)လီတာပါ ဘူး(၁၂၀)အပါအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၅၉၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)   တို့ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ဇူလိုင်လ ၂၈ ရက်တွင် ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် (၁၄ ဒသမ ၀၅၃)တန်၊ သစ်မာ (၃ ဒသမ ၇၂၁)တန်၊ အခြားသစ် (၁၆ ဒသမ ၂၄၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၃၁၀၀၀၁) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅၄၅၉၀၀၁)ကို ဖမ်းဆီးရမိခဲ့ပြီး   အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇူလိုင်လ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀)မှု၊   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၃၁၆၅၉၂၄)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု    တိုက်ဖျက်ရေး ဦးဆောင် ကော်မတီမှ သိရသည်။

Dates: 
Monday, July 29, 2024 - 12:54