လွိုင်ကော်မြို့ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းအတွက် ရုံးသုံးအထောက်အကူပစ္စည်းများနှင့် ဆရာ/ဆရာမများအတွက် ကျောင်းဝတ်စုံ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

 

လွိုင်ကော်မြို့ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းအတွက် ရုံးသုံးအထောက်အကူပစ္စည်းများနှင့် ဆရာ/ဆရာမများအတွက် ကျောင်းဝတ်စုံ၊ စားသောက်ဖွယ်ရာများ  ထောက်ပံ့ပေးအပ်

 

နေပြည်တော်၊  ၂၀၂၄ ဇူလိုင်  ၂၉

   ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းအတွက် ရုံးသုံးအထောက်အကူ ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဒွေးမယ်နော် အဆောင်၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့်အဖွဲ့ဝင်များ၊  ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။

    ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းရုံးအတွက် အထောက်အကူ ပစ္စည်းများဖြစ်သည့် Computer ၁ လုံး၊ Colour Printer ၁ လုံး၊ တယ်လီဖုန်း ၁ လုံးနှင့် ဆရာ/ဆရာမများ အတွက် ကျောင်းဝတ်စုံနှင့်  စားသောက်ဖွယ်ရာများကို ထောက်ပံ့ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက အသီးသီး လက်ခံရယူ ကြသည်။

    ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ကျောင်းဈေးတန်းရှိ ဈေးဆိုင်ခန်းများ၌ ရောင်းချနေသည့် စားသောက် ဖွယ်ရာများ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရေးအတွက် လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Monday, July 29, 2024 - 20:11