ရခိုင်ပြည်နယ်အတွင်း တပ်မတော်မှ ထောင်ထားသော မိုင်းများ နင်းမိ၍ ဒဏ်ရာရရှိပါက ဒဏ်ရာရရှိသူများထံ မိုင်းအတွက် လျှော်ကြေးငွေ တောင်းခံနေသည်ဟု သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိ

 

ရခိုင်ပြည်နယ်အတွင်း တပ်မတော်မှ ထောင်ထားသော မိုင်းများ နင်းမိ၍ ဒဏ်ရာရရှိပါက ဒဏ်ရာရရှိသူများထံ မိုင်းအတွက် လျှော်ကြေးငွေ တောင်းခံနေသည်ဟု သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀

          ရခိုင်ပြည်နယ်အတွင်း တပ်မတော်မှ ထောင်ထားသော မိုင်းများ နင်းမိ၍ ဒဏ်ရာရရှိပါက ဒဏ်ရာရရှိသူများထံ မိုင်းအတွက် လျှော်ကြေးငွေ တောင်းခံနေပြီး မပေးပါက အသက်ရှင်လာသူများအား ဆေးကုသခွင့်မပြုဟု တပ်မတော်က ခြိမ်းခြောက်အကြပ်ကိုင်နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစေရေးနှင့် အေးချမ်းစွာနေထိုင်စေရေးအတွက် အကြမ်းဖက်သမား များမှ ထောင်ထားသည့် မိုင်းများအား မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိသည့်အပြင် မိုင်းထိလူနာများ ရှိလာပါကလည်း လိုအပ်သည့် ဆေးကုသ ပေးခြင်းများကိုလည်း ချက်ချင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး အထက်ပါ သတင်းမှာ လုပ်ကြံရေးသားထားခြင်းဖြစ်ကြောင်း သိရှိရသည်။

Dates: 
Tuesday, July 30, 2024 - 20:09