မုံရွာမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် မသန်စွမ်းအမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့သည်ဟု မဟုတ်မမှန် ရေးသားဖြန့်ဝေ

 

မုံရွာမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် မသန်စွမ်းအမျိုးသမီး ၁ ဦးအပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့သည်ဟု  မဟုတ်မမှန် ရေးသားဖြန့်ဝေ

 

၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မုံရွာ-အရာတော်လမ်းမကြီးဘေးရှိ စည်သာလေး၊ ထနောင်းဝန်းနှင့် ရွာတုံကျေးရွာများအတွင်း ဝင်ရောက်၍ ဒေသခံပြည်သူများအား ပစ်ခတ်ခဲ့သဖြင့် မသန်စွမ်းအမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။

    ၎င်းသတင်းနှင့်ပတ်သတ်၍ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် မုံရွာမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို ပုံမှန် ဆောင်ရွက်လျက်ရှိပြီး အပြစ်မဲ့ပြည်သူများအား ပစ်ခတ်ခဲ့ခြင်းမရှိကြောင်းနှင့် တရားမဝင် ပြည်ဖျက်မီဒီယာများက တပ်မတော်အား အများပြည်သူ အမုန်းပွားစေရန်နှင့် ဒေသခံ ပြည်သူများ ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်ချက်များဖြင့် လူမှုကွန်ရက်တွင် မဟုတ်မမှန် သတင်းများ လှုံ့ဆော်ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။

Dates: 
Tuesday, July 30, 2024 - 20:12