မြိုင်မြို့နယ်အတွင်း တပ်မတော်က ရဟတ်ယာဉ်ဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ ပျက်စီးသည်ဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ

 

မြိုင်မြို့နယ်အတွင်း တပ်မတော်က ရဟတ်ယာဉ်ဖြင့်ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များ ပျက်စီးသည်ဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ

 

နေပြည်တော်၊ ၂၀၂၄ ဇူလိုင်လ ၃၀

     မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ကန်ကြီးကျေးရွာအနီးတစ်ဝိုက် ဇူလိုင်လ ၂၉ ရက်နေ့က တပ်မတော်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များပျက်စီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

     အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မြိုင်မြို့နယ်၊ ကန်ကြီးကျေးရွာအနီးတဝိုက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့ကြောင်း နှင့် တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာများရှိ နေအိမ်များ ပျက်စီးခဲ့သည်ဆိုသည်မှာလည်း မှန်ကန်မှုမရှိကြောင်း သိရှိရသည်။

    တရားမဝင်ပြည်ဖျက်မီဒီယာများသည် တပ်မတော်အပေါ် ပြည်သူများ အထင် အမြင်လွဲမှားစေရန်နှင့် ကြောက်ရွံ့ထိတ်လန့်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ဝေ နေသည့် သတင်းတု၊ သတင်းမှားသာဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, July 30, 2024 - 20:14