ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွကျေးရွာအုပ်စုအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ ဝါဒဖြန့်ဝေလျက်ရှိ

 

ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွကျေးရွာအုပ်စုအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ ဝါဒဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ဇူလိုင် ၃၀

     မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွကျေးရွာအုပ်စုအတွင်းသို့ ဇူလိုင်လ ၂၈ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး၊ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒ ဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

      အဆိုပါ သတင်းနှင့်ပတ်သက်၍ ရေနံချောင်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းရက် တွင် ကုက္ကိုခွကျေးရွာအုပ်စုအနီးဝန်းကျင်တွင် PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်းလှုပ်ရှားနေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများ မရှိကြောင်း သိရှိရသည်။

    ၎င်း PDF အမည်ခံအကြမ်းဖက်သမားများသည် ရေနံချောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အဓမ္မငွေကြေးကောက်ခံခြင်းနှင့် ဒေသခံပြည်သူများကို ဖမ်းဆီး သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူများနှင့်ပူးပေါင်း၍ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည်ကို အထင်အမြင် လွဲမှားစေရန် သတင်းတု၊ သတင်းအမှားများဖြင့် လုပ်ကြံရေးသားဝါဒဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

 

Dates: 
Tuesday, July 30, 2024 - 20:17