လားရှိုးမြို့၊ မန်ဆူဘုန်းကြီးကျောင်းအတွင်း ဗုံးကြဲခံရမှုကြောင့် ယာယီနေရပ်စွန့်ခွာသူ အမျိုးသမီး ၃ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သတင်းအမှားများဖြင့် ဝါဒဖြန့်ဝေ

 

လားရှိုးမြို့၊ မန်ဆူဘုန်းကြီးကျောင်းအတွင်း ဗုံးကြဲခံရမှုကြောင့် ယာယီနေရပ်စွန့်ခွာသူ အမျိုးသမီး ၃ ဦး အပါအဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သတင်းအမှားများဖြင့် ဝါဒဖြန့်ဝေ

 

နေပြည်တော်၊ ဇူလိုင် ၃၀

    ရှမ်းပြည်နယ်၊ လားရှိုးမြို့ပေါ်သို့ ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်းတွင် တပ်မတော်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် သီရိမင်္ဂလာ မန်ဆူ သျှမ်းကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အမျိုးသမီး ၃ ဦးအပါအဝင် (၅) ဦး သေဆုံးခဲ့သည်ဟု သတင်းတု သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသား ဖြန့်ဝေလျက်သည်ကို တွေ့ရှိရသည်။

    ဖြစ်စဉ်အမှန်မှာ MNDAA အကြမ်းဖက် သောင်းကျန်းသူများမှ ဇူလိုင်လ ၂၈ ရက် နေ့တွင် မန်ဆူဘုန်းကြီးကျောင်းအတွင်းဝင်ရောက်ကာ ဂျီနီဗာကွန်ဗန်းရှင်းအား ချိုးဖောက်၍ သာသနိက အဆောက်အဦများအား အကာအကွယ်ယူပစ်ခတ် တိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိကြောင်းသိရှိရပြီး ထိုသို့ အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်လာမှုကြောင့် ဘုန်းကြီးကျောင်းဝင်းတွင် ယာယီနေရပ်စွန့်ခွာသူများ နေထိုင် ခြင်းမရှိတော့ကြောင်း ဒေသခံအရင်း အမြစ်များထံမှ သိရှိရသည်။

Dates: 
Tuesday, July 30, 2024 - 20:20