​​​​​​​ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ ဇူလိုင် - ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ လှေလှော်အင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၂ ပါး နှင့် ဒေသခံပြည်သူ ၅၅ ဦး စုစုပေါင်း ၅၇ ဦးတို့ကို အဆိုပါကျေးရွာရှိ ကျိုက်ဒေးဇွဲကျောင်းတိုက်၌ လည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ သ‌ရက်ချောင်းကျေးရွာအုပ်စု၊ ချောင်းကျိုး ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၇၀ ဦးတို့ကို အဆိုပါ ကျေးရွာရှိ အာစိန္ဒသီရိပရဟိတကျောင်းတိုက်၌ လည်းကောင်း ယနေ့နံနက်ပိုင်း တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သံဃာတော်များ နှင့် ဒေသခံပြည်သူများအား သွားနှင့်ခံတွင်းရောဂါ၊ နား၊နှာခေါင်း၊ လည်ချောင်း ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Tuesday, July 30, 2024 - 16:26