ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှရွှေ့ဆိုင်းခွင့်ရသူများ

 

ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း တာဝန်မှရွှေ့ဆိုင်းခွင့်ရသူများ

 

ရွှေ့ဆိုင်းခွင့်

၁။      ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ၊   ၁၅(က)တွင်   ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖွဲ့မှ တင်ပြလာသော ဆင့်ခေါ်ခြင်းခံရသူများ၏ လျှောက်လွှာများကို   စိစစ်ရာတွင်  အောက်ပါအချက်များနှင့်  အကျုံးဝင်သော ပုဂ္ဂိုလ်များအား   ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှယာယီရွှေ့ဆိုင်းနိုင်သည်ဟု ပြဋ္ဌာန်းထားပါသည်-

          (က)   ယာယီအားဖြင့် စစ်မှုထမ်းနိုင်မည့် ကျန်းမာရေး အဆင့်မမီကြောင်း သက်ဆိုင်ရာ တပ်မတော်ဆေးစစ်ရေးဘုတ်အဖွဲ့၏ ထောက်ခံချက်ရရှိထားသူများ။

          (ခ)     နိုင်ငံ့ဝန်ထမ်းများ။

          (ဂ)    ပညာသင်ကြားနေသူများ။

          (ဃ)   အခြားပြုစုစောင့်ရှောက်မည့်သူ မရှိသော မိအိုဖအိုများကို ပြုစုလုပ်ကျွေးနေသူများ။

          (င)     မူးယစ်ဆေးဝါးဖြတ်ရန်ဆေးကုသမှုခံယူနေသူများ။

          (စ)    ထောင်ဒဏ်ကျခံနေသူများ။

၂။       ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ရမည့် တာဝန်မှ ရွှေ့ဆိုင်းခွင့်ပြုသူများ

         (က)   ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့် နေ့ရက်အတိုင်း သတင်းပို့ခြင်း မပြုရသေးမီကာလအတွင်း မိဘတစ်ဦးဦးသော် လည်းကောင်း၊ အိမ်ထောင်သည်အမျိုးသားဖြစ်ပါက  ဇနီးသော်လည်းကောင်း ရုတ်တရက်သေဆုံးသွားခြင်း။

        (ခ)    ဆင့်ခေါ်ရေးအမိန့်စာ လက်ခံရရှိသည့်နေ့မှ သတ်မှတ်ထားသည့်နေ့ရက် အတိုင်း သတင်းပို့ခြင်း မပြုရသေးမီကာလအတွင်း မတော်တဆဖြစ်ရပ် တစ်ခုခုကြောင့်ဖြစ်စေ၊ အခြားသူ၏ ပယောဂတစ်ခုခုကြောင့်ဖြစ်စေ  ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတစ်ခုခု  အပြင်းအထန် ဒဏ်ရာရရှိသူဖြစ်ခြင်း။

        (ဂ)    ဥပဒေနှင့်အညီ ချုပ်နှောင်ခံနေရသူ၊ သိုု့မဟုတ် တရားရုံးတစ်ခုခုတွင် အမှုရင်ဆိုင်နေရသူဖြစ်ခြင်း။

        (ဃ)   နိုင်ငံတော်၏ လိုအပ်ချက်အရ ပညာရပ်များကို လေ့လာသင်ယူ နေသူဖြစ်ခြင်း။

        (င)    ပြည်သူ့စစ်မှုထမ်းရမည့် တာဝန်မှယာယီ ရွှေ့ဆိုင်းပေးရန် မဖြစ်မနေ လိုအပ်နေသူဖြစ်ခြင်း။

Dates: 
Wednesday, July 31, 2024 - 09:38