၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသမီးမြားပစ်ပြိုင်ပွဲတွင် တောင်ကိုရီးယား အသင်း ၁၀ ကြိမ် ဆက်ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ

 

၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသမီးမြားပစ်ပြိုင်ပွဲတွင် တောင်ကိုရီးယား အသင်း ၁၀ ကြိမ် ဆက်ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ

 

    ပြင်သစ်နိုင်ငံက  အိမ်ရှင်အဖြစ်  လက်ခံကျင်းပလျက်ရှိသည့် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသမီး အသင်းလိုက် မြားပစ်ပြိုင်ပွဲတွင်   တောင်ကိုရီးယား အသင်းသည် ချန်ပီယံရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ၁၀ ကြိမ်ဆက် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည့်အတွက်     အိုလံပစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင်   အကြိမ်ဆက်အများဆုံး ရရှိထားသည့်   အမေရိကန် ရေကူးအသင်း၏ စံချိန်ကိုလိုက်မီနိုင်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသမီးအသင်းလိုက် မြားပစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင်  တောင်ကိုရီးယားအမျိုးသမီး အသင်းနှင့်  တရုတ်အမျိုးသမီး အသင်းတို့ ယှဉ်ပြိုင်ရာ   တောင်ကိုရီးယားအမျိုးသမီး အသင်းက ၅ မှတ် - ၄ မှတ်ဖြင့်  အနိုင်ရရှိခဲ့ပြီး  ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်သည့်အတွက်    အိုလံပစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အမျိုးသမီးအသင်းလိုက် မြားပစ်ပြိုင်ပွဲတွင် ၁၀ ကြိမ်ဆက်  ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အမေရိကန်ရေကူး အသင်း၏ စံချိန်ကို လိုက်မီနိုင်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယား အမျိုးသမီးမြားပစ်အသင်းသည် အိုလံပစ်ပြိုင်ပွဲတွင် ၁၉၈၈ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ဆိုးလ်အိုလံပစ်ပြိုင်ပွဲမှ စတင်ပြီး   ၁၉၉၂ ခုနှစ်၊ ၁၉၉၆ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်၊ ၂၀၀၄ ခုနှစ်၊ ၂၀၀၈ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၆ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် လက်ရှိ ၂၀၂၄ ခုနှစ်ပြိုင်ပွဲတို့တွင် ချန်ပီယံရွှေတံဆိပ်ဆုကို ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Dates: 
Wednesday, July 31, 2024 - 14:38