Professional Boxing လက်ရည်စစ်ပွဲကျင်းပ
ရန်ကုန် ဇူလိုင် ၃၀
Professional Boxer များ ထွက်ပေါ်လာစေရန်ရည်ရွယ်ကာ Myanmar Boxing Federation ၏ ကူညီပံ့ပိုးမှုဖြင့် Myanmar Boxing Commission မှကျင်းပသည့် Professional Boxing လက်ရည်စစ်ပြိုင်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် လေ့ကျင့်ရေးကွင်း(သုဝဏ္ဏ)၌ ကျင်းပသည်။
ယနေ့လက်ရည်စစ်ပြိုင်ပွဲတွင် ၅၀ ဒသမ ၈၀ Kg (Fly Weight)ဝိတ်တန်း နှစ်ပွဲ၊ ၅၇ ဒသမ ၁၅ Kg(Feather Weight)ဝိတ်တန်းနှစ်ပွဲ၊ ၆၃ ဒသမ ၅၀ Kg(Super Light Weight)ဝိတ်တန်းနှစ်ပွဲ၊ ၇၂ ဒသမ ၅၇ Kg(Middle Weight)ဝိတ်တန်းတစ်ပွဲနှင့် ၇၉ ဒသမ ၃၈ Kg(Light Heavy Weight) ဝိတ်တန်းတစ်ပွဲ စုစုပေါင်းရှစ်ပွဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြသည်။
apan Boxing Commission အဖွဲ့သည် သြဂုတ်လတွင် ရန်ကုန်သို့လာရောက်မည်ဖြစ်ပြီး ယင်းအဖွဲ့တွင် ဒိုင်နှင့်နည်းပြများ ပါလာမည်ဖြစ်ကာ သြဂုတ်လ ၂၁ ရက်နေ့တွင် လက်ရည်စစ်ပွဲတစ်ကြိမ်နှင့် အောက်တိုဘာတွင် လက်ရည်စစ်ပွဲတစ်ကြိမ် ထပ်မံကျင်းပ သွားမည်ဖြစ်ကြောင်းနှင့် ထို့နောက်တွင် ကစားသမားများအား ဂျပန်နိုင်ငံသို့စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ Boxing ကစားသမားများ အနေဖြင့် မြန်မာ့လက်ဝှေ့နှင့် မွေထိုင်းလက်ဝှေ့တို့ကဲ့သို့ ဆုကြေးငွေများ ရရှိပြီး Professional အားကစားသမားများ ဖြစ်လာမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် Boxing အားကစားနည်း ပါဝင်သည့်အတွက် စခန်းသွင်း လေ့ကျင့်လျက်ရှိကြောင်းနှင့် ရွှေတံဆိပ်ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။