မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် အရပ်သား ၉ ဦး သေဆုံးဟု မဟုတ်မမှန်ရေးသား ဖြန့်ဝေ

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ် မှုကြောင့်  ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် အရပ်သား ၉ ဦး သေဆုံးဟု မဟုတ်မမှန်ရေးသား ဖြန့်ဝေ

 

နေပြည်တော်၊ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ ရပ်ကွက်များအတွင်းသို့ လုံခြုံရေး တပ်ဖွဲ့ဝင်မျာမှ လက်နက်ကြီး(၁၀)လုံးဖြင့် ပစ်ခတ်မှုကြောင့် သိမ်ဇရပ်ရွာလေးရပ်ကွက် (၇)လမ်းတွင်နေထိုင်သည့် ကိုယ်ဝန်လေးလ လွယ်ထားရသည့် အမျိုးသမီး ၁ ဦး အပါ အဝင် အရပ်သား ၉ ဦး သေဆုံးဟု သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

    ၎င်းသတင်းနှင့်ပတ်သတ်၍ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ကျိုက်ထိုမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သမားများနှင့်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မရှိကြောင်း၊ လက်နက်ကြီးဖြင့် ရပ်ကွက်များအတွင်း ပစ်ခတ်ခဲ့သည်ဆိုသည့် သတင်းမှာ လည်း မှန်ကန်မှုမရှိကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော် အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန်နှင့် ဒေသခံပြည်သူများ ထိတ်လန့် ကြောက်ရွံ့စေရန်ရည်ရွယ်ချက်များဖြင့် လူမှုကွန်ရက်တွင် မဟုတ်မမှန်သတင်းများ လှုံ့ဆော်ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, July 31, 2024 - 21:04