အထိမ်းအမှတ်အဖြစ် အကန့်အသတ်ဖြင့် ထုတ်ဝေထားသည့် နှစ်သောင်းတန် ငွေစက္ကူ အသစ်များ ပြည်သူများအကြားတွင် ပမာဏများစွာ လည်ပတ်ပျံ့နှံ့လျက်ရှိကြောင်း သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ

 

အထိမ်းအမှတ်အဖြစ် အကန့်အသတ်ဖြင့် ထုတ်ဝေထားသည့် နှစ်သောင်းတန် ငွေစက္ကူ အသစ်များ ပြည်သူများအကြားတွင် ပမာဏများစွာ လည်ပတ်ပျံ့နှံ့လျက်ရှိကြောင်း သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ဇူလိုင် ၃၁

      အထိမ်းအမှတ်အဖြစ် အကန့်အသတ်ဖြင့် ထုတ်ဝေထားသည့် နှစ်သောင်းတန် ငွေစက္ကူအသစ်များ ပြည်သူများအကြားတွင် ပမာဏများစွာ လည်ပတ်ပျံ့နှံ့လျက် ရှိကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများစိုးရိမ်မှုဖြစ်ပွားလာစေရန် မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည် ကိုတွေ့ရှိရသည်။

      အဆိုပါ သတင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦး ၏ မေးမြန်းချက်အရ ၂၀၀၀၀/-ကျပ်တန်သတင်း မဟုတ်မှန်ကြောင်း သိရှိရပြီး ပြည်ဖျက်မီဒီယာများက နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်၊ ပြည်သူများစိုးရိမ် ပူပန်မှုများဖြစ်ပေါ်စေရန် နည်းလမ်းမျိုးစုံအသုံးပြု၍ သတင်းအမှားများကို ဝါဒဖြန့်ဝေ လျက်ရှိရာ အများပြည်သူ အချိန်နှင့်တပြေးညီ သိရှိစေရေး နိုင်ငံပိုင်သတင်းစာများ၊ ရေဒီယိုနှင့်ရုပ်မြင်သံကြား အပါအဝင် နိုင်ငံပိုင် Online Media များမှ သတင်းအမှန်များ ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, July 31, 2024 - 21:10