တနင်္သာရီမြို့နယ်တွင် ရေနစ်မြုပ်နေသည့် လယ်သစ်ရွာကို စစ်တပ်က ရဟတ်ယာဉ် ဖြင့် ဗုံး ၁၃ လုံး ကျဲချတိုက်ခိုက်ဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ

 

တနင်္သာရီမြို့နယ်တွင် ရေနစ်မြုပ်နေသည့် လယ်သစ်ရွာကို စစ်တပ်က ရဟတ်ယာဉ် ဖြင့် ဗုံး ၁၃ လုံး ကျဲချတိုက်ခိုက်ဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ

 

နေပြည်တော်၊ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁

      တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ရေနစ်မြုပ်နေသည့် လယ်သစ်ရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ဗုံး ၁၃ လုံး ကျဲချ တိုက်ခိုက်ခဲ့သည်ဟု ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

      ၎င်းသတင်းနှင့်ပတ်သတ်၍ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် တနင်္သာရီမြို့နယ်အတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ရဟတ်ယာဉ်ဖြင့် ဗုံးကျဲချခဲ့သည်ဆိုသည်မှာ မှန်ကန်မှု မရှိကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားထားသော သတင်းမှား သာဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, July 31, 2024 - 21:14