မောင်တောမြို့နယ်၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန် ရေးသားဖြန့်ဝေ

 

မောင်တောမြို့နယ်၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန် ရေးသားဖြန့်ဝေ

 

နေပြည်တော်၊ ၂၀၂၄ ခုနှစ် ဇူလိုင်လ  ၃၁

      ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဇူလိုင်လ ၂၈ ရက်က နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အထက်ကံသာယာရွာမှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရ သည်။

      ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ်ရှိ ဒေသခံပြည်သူအချို့နှင့် နယ်မြေ လုံခြုံရေး တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါသတင်းမှာ မှန်ကန်မှု မရှိကြောင်းနှင့် သတင်းမှားသာဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ထုတ်ပြန်ထားရှိသည့် ဥပဒေ၊ နည်းဥပဒေများအတိုင်းသာ လိုက်နာကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ လူထုအပေါ် ဥပဒေမဲ့ပြုကျင့်မှု မရှိကြောင်း သိရှိရသည်။

      တရားမဝင် ပြည်ဖျက်မီဒီယာများက တပ်မတော်နှင့် အများပြည်သူများအကြား သွေးကွဲစေရန် ရည်ရွယ်ချက်များဖြင့် လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန်သတင်းများ လှုံ့ဆော်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, July 31, 2024 - 21:20