ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် ၄၄ /၂၀၂၄
၁၃၈၆ ခုနှစ်၊ ၀ါဆိုလပြည့်ကျော် ၁၁ ရက်
(၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)
တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ ခန့်အပ်တာဝန်ပေးခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါ တိုင်းဒေသကြီး တရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-
(၁) ဒေါ်အေးအေးမော် ကချင်ပြည်နယ်တရားလွှတ်တော်
(၂) ဒေါ်မိမိစိန် စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်
(၃) ဒေါက်တာဇော်ဝင်းထွန်း ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်
(၄) ဒေါက်တာအောင်သီဟ မွန်ပြည်နယ်တရားလွှတ်တော်
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး