မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် Silver Stars နှင့် Glory Goal အသင်း၊ ရာမညယူနိုက်တက်နှင့် University အသင်းတို့ သရေရလဒ် အသီးသီး ထွက်ပေါ်

 

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင် Silver Stars နှင့်  Glory Goal  အသင်း၊ ရာမညယူနိုက်တက်နှင့် University   အသင်းတို့ သရေရလဒ် အသီးသီး ထွက်ပေါ်

 

ရန်ကုန်  ဇူလိုင်  ၃၁

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့်    မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၂)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ Silver Stars နှင့် Glory Goal  အသင်း၊   ရာမညယူနိုက်တက်နှင့် University  အသင်းတို့ သရေရလဒ်အသီးသီး ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၂)အဖြစ်  ယနေ့ ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌ Silver Stars အသင်းနှင့် Glory Goal  အသင်းတို့ကစားခဲ့ရာ အပြန်အလှန်သွင်းဂိုးများဖြင့် နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပြီး Silver Stars အသင်းအတွက် သွင်းဂိုးများကို ပွဲချိန်၂ မိနစ်တွင် အောင်ဘုန်းမြတ်၊   ပွဲချိန် ၁၃ မိနစ်တွင် သက်ဝင်းထွန်းတို့က သွင်းယူပေးနိုင်ခဲ့ပြီး Glory  Goal   အသင်းအတွက် သွင်းဂိုးများကို  ပွဲချိန်  ၈၄  မိနစ်တွင် မင်းခန့်သိန်းနှင့် ပွဲချိန်  ၉၁  မိနစ်တွင် အောင်မျိုးကျော်တို့က အသီးသီး သွင်းယူပေးနိုင်ခဲ့သည်။

အလားတူ ညနေ ၃ နာရီခွဲတွင် University အားကစားကွင်း၌ ရာမညယူနိုက်တက်အသင်းနှင့် University အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ   တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပြီး ရာမညယူနိုက်တက်အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၃၅ မိနစ်တွင် ဆန်းမြင့်နိုင်က သွင်းယူပေးနိုင်ခဲ့ကာ Uni-versity  အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၇၈ မိနစ်တွင် မြင့်နိုင်သူက သွင်းယူပေးနိုင်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၂)အပြီးတွင် ကချင်ယူနိုက်တက် အသင်းက  ရမှတ် လေးမှတ်ဖြင့်   အမှတ်ပေးဇယားထိပ်ဆုံးမှ   ဦးဆောင်လျက် ရှိနေကြောင်း သိရသည်။ 

Dates: 
Thursday, August 1, 2024 - 09:52