၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ယူကရိန်း ယူ-၂၃ အသင်းကို အနိုင်ရရှိပြီး အာဂျင်တီးနား ယူ-၂၃ အသင်း ကွာတားဖိုင်နယ်အဆင့် တက်ရောက်

 

၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ယူကရိန်း ယူ-၂၃ အသင်းကို အနိုင်ရရှိပြီး အာဂျင်တီးနား ယူ-၂၃ အသင်း ကွာတားဖိုင်နယ်အဆင့် တက်ရောက်

 

     ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက် ရှိသည့် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံး ပြိုင်ပွဲ အုပ်စု (B) အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အာဂျင် တီးနား ယူ-၂၃ အသင်းနှင့် ယူကရိန်း ယူ-၂၃ အသင်း တို့  ယှဉ်ပြိုင်ကစားခဲ့ရာ အာဂျင်တီးနား  ယူ-၂၃  အသင်းက  ၂ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး  ကွာတား ဖိုင်နယ်အဆင့် တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် အနိုင်ရရှိမည့် အသင်းမှာ ကွာတား ဖိုင်နယ်အဆင့်     တက်ရောက်မည်ဖြစ်သည့် အတွက် အရေးပါသောကြောင့် အကြိတ်အနယ်ရှိခဲ့ကာ အာဂျင် တီးနားအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၄၇ မိနစ် တွင် အယ်မာဒါက လည်းကောင်း၊ ပွဲချိန် ၉၁ မိနစ်တွင် အီချီဗာရီက လည်းကောင်း သွင်းယူပေးနိုင်ခဲ့ပြီး အာဂျင် တီးနား ယူ-၂၃ အသင်းက  အနိုင်ရရှိကာ  ကွာတား ဖိုင်နယ်အဆင့် တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။

အုပ်စု (B)  အုပ်စုနောက်ဆုံးပွဲစဉ်များအပြီးတွင် မော်ရိုကို ယူ-၂၃ အသင်းက နှစ်ပွဲနိုင် ရမှတ်ခြောက်မှတ် ဖြင့် အုပ်စုပထမနေရာ၌ လည်းကောင်း၊ အာဂျင်တီးနား ယူ-၂၃  အသင်းက  ရမှတ်ခြောက်မှတ်ဖြင့်  အုပ်စု ဒုတိယနေရာ၌လည်းကောင်း ရပ်တည်ခဲ့ကြပြီး ကွာတား ဖိုင်နယ်အဆင့်တွင် အာဂျင်တီးနား ယူ-၂၃ အသင်းက ပြင်သစ် ယူ-၂၃ အသင်းနှင့်လည်းကောင်း၊ မော်ရိုကို ယူ-၂၃ အသင်းက အမေရိကန် ယူ-၂၃ အသင်းနှင့် လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။                              

Dates: 
Thursday, August 1, 2024 - 13:30