ဘာစီလိုနာအသင်းက ကစားသမားသစ်များ ခေါ်ယူရန်အတွက် ဒီဂျောင်းနှင့် ရာဖင်ဟာအပါအဝင် ကစားသမားရှစ်ဦးအထိ ရောင်းချရန်ပြင်ဆင်

 

ဘာစီလိုနာအသင်းက ကစားသမားသစ်များ ခေါ်ယူရန်အတွက် ဒီဂျောင်းနှင့် ရာဖင်ဟာအပါအဝင် ကစားသမားရှစ်ဦးအထိ ရောင်းချရန်ပြင်ဆင်  

 

    ဘာစီလိုနာအသင်းက လက်ရှိနွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များခေါ် ယူရန်အတွက်  အသင်းမှ  ကွင်းလယ် ကစားသမား ဒီဂျောင်းနှင့်   တောင်ပံကစားသမား  ရာဖင်ဟာအပါ အဝင်  ကစားသမားရှစ်ဦးအထိ  ရောင်းချရန်ပြင်ဆင် နေကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည်    လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် စပိန်အသင်းနှင့် ယူရိုပြိုင်ပွဲ ၌  အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည့်  ဘီလ်ဘာအို အသင်း  လူငယ်တိုက်စစ်ကစားသမား  နီကိုဝီလီယံ အပါအဝင်  ကစားသမားတချို့ကို  ခေါ်ယူလိုသော်လည်း     အသင်းဘဏ္ဍာရေး အကျပ်အတည်းကြောင့် ခေါ်ယူရန်ခက်ခဲနေသည့်အတွက်     ဒီဂျောင်းနှင့် ရာဖင်ဟာအပါအဝင် ကစားသမား ရှစ်ဦးအထိ ရောင်းချ ပြီး ပြောင်းရွှေ့ကြေးအသုံးစရိတ် ရှာဖွေရန် ပြင်ဆင်နေ ခြင်းဖြစ်သည်။

လက်ရှိတွင် ဘာစီလိုနာအသင်းသည် ဒီဂျောင်းကို  မြင့်မားသည့် လုပ်ခလစာငွေပေးချေနေရသဖြင့် ၎င်းကိုရောင်းချမည်ဆိုပါက အသင်းလုပ်ခလစာငွေ ပေးချေမှု လျော့ကျသွားမည်ဖြစ်သည့်အတွက် လက်ရှိ အပြောင်းအရွှေ့ကာလတွင်   ဒီဂျောင်းကိုမဖြစ်မနေ ရောင်းချလိုသော်လည်း  ၎င်းအနေဖြင့်  ဒဏ်ရာရရှိ နေသည့်အတွက် ရောင်းချရန် ခက်ခဲဖွယ်ရှိနေသည်။

အလားတူ ဘာစီလိုနာအသင်းက ရာဖင်ဟာကို လည်း ဆော်ဒီထိပ်တန်း ကလပ်အသင်းများထံ မြင့်မား သည့်ပြောင်းရွှေ့ကြေးဖြင့်   ရောင်းချလိုသော်လည်း ရာဖင်ဟာက   အသင်းနှင့် လမ်းမခွဲလိုသောကြောင့် ဘာစီလိုနာ အသင်းအတွက် ခက်ခဲဖွယ်ရှိနေသည်။

ဘာစီလိုိနာအသင်းသည် ဒီဂျောင်းနှင့် ရာဖင်ဟာ တို့အပြင်   အာရူဂျို၊ လင်းဂလတ်၊ မီကာယေဖေးနှင့် ဖာရန်တောရက်စ်တို့ကိုလည်း    ရောင်းချမည့်ကစား သမားစာရင်းတွင် ထည့်သွင်းထားပြီး လိုက်ပဇစ်အသင်း နှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနေသည့် ကွင်းလယ် ကစားသမားအိုလ်မိုကိုလည်း ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။   

Dates: 
Thursday, August 1, 2024 - 13:34