ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ယမန်နေ့မှအဆက်

       နိုင်ငံတော်၏ဆောင်ရွက်ပေးမှုနှင့်  ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းများကို ရှင်းပြမှဖြစ်တော့မည်ဟု စဉ်းစားပြီး အစီအစဉ်တစ်ခုလုပ်ခဲ့သည်။

မီဒီယာများကို ရေဝပ်ဧရိယာကျေးရွာများသို့ ဖိတ်ကြားပြသခဲ့သည်။  ၂၈-၁၂-၂၀၁၂ ရက်တွင်  ကုန်းချိုင်းကျေးရွာ အနီးရှိ ကွပ်ကဲရေးရုံးတွင် ပြုလုပ်ခဲ့သည်။ သိလိုသည်များကို ဒုတိယညွှန်ကြားရေးမှူးချုပ်က ဖြေသည်။ ရွာသားများကလည်း မီဒီယာများ၏ မေးမြန်းမှုကို ပွင့်လင်းစွာ ဖြေကြသည်။       

တက်ရောက်လာသည့် မီဒီယာများနှင့်  ဖိတ်ကြားသင့်၍  ဖိတ်ကြားထားသော   ပုဂ္ဂိုလ်များ   စုံညီစွာတက်ရောက်၍    သိလိုသည်များကို မေးမြန်းကြသည်။   ဆောင်ရွက်မှုအားလုံး   ပွင့်လင်းမြင်သာအောင် ကိန်းဂဏန်း အချက်အလက်များ၊ ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်ရန် စသည်တို့ကို  ရှင်းပြသည်။ နောက်တစ်လခန့် အကြာတွင် ၎င်းတို့ကို ထပ်မံဖိတ်ကြား၍  တမံနှင့်ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရေး လုပ်ငန်းခွင်သို့   ဌာနယာဉ်များဖြင့်   ဖိတ်ခေါ်၍   ရှင်းလင်းပြသခဲ့သည်။

ထူးခြားမှုမှာ ပျဉ်းမနား လှေခွင်းတောင်မှ အရှေ့တည့်တည့်တွင် ရှိသော တမံလုပ်ငန်းခွင်သို့ သွားသည့်လမ်း(စီမံကိန်းလမ်း)မှာ ၄၅ မိုင်ခန့်ရှည်လျားပြီး တောင်တက်၊ တောင်ဆင်းလမ်းဖြစ်သည်။ ရေဝပ်ဧရိယာ သွားလမ်းမှာ ပျဉ်းမနား-ပင်လောင်းလမ်းအတိုင်း လိန်းလီတံတားအနီးထိ မိုင် ၄၀ ခန့်သွားရသည့် သီးခြားလမ်းဖြစ်သည်။

တစ်နေရာနှင့်တစ်နေရာ တစ်ရက်တည်းနှင့် အရောက်သွားရန် အချိန်မလုံလောက်သည့် အတွက်  ညှိနှိုင်းပြီး   နှစ်ခေါက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။  အားလုံးလိုလိုက    ယခင်မီဒီယာများတွင်   ဖော်ပြနေမှုများနှင့် ယခုအမြင်ကွဲလွဲနေကြောင်း ဖွင့်ဟကြသည်။

ရေဝပ်ဧရိယာကျေးရွာများ ပြောင်းရွှေ့ပေးခြင်းတွင် ပေးလျော်ခဲ့ရသည့် ထောက်ပံ့ငွေ နှုန်းထားများကိုလည်း ဖော်ပြပေးပါဦးမည်။

Description: C:\Users\dsitd\Desktop\2-8-2024\42-3.JPG

Description: C:\Users\dsitd\Desktop\2-8-2024\43.JPG

လယ်ယာရှိသူများသည် မိမိလယ်ယာအကျယ် ရှိသလောက် ထောက်ပံ့ငွေရရှိပါမည်။ သစ်တောပလပ်မြေတွင် မိမိမူလဧကအတိုင်း မြေနေရာအခမဲ့ရရှိပါမည်။

ပြောင်းရွှေ့ကျေးရွာများအတွက်   မြေ  ၆၁၁ ဧကကို ပြုပြင် သုံးစွဲခဲ့သည်။ မိသားစုတစ်စုလျှင် မြေအကျယ် ၈၀ ပေX  ၆၀ ပေ၊ ၈၀ ပေX ၈၀ ပေ၊ ၈၀ ပေ X  ၁၀၀ ပေ စသည်ဖြင့် မြေအနေအထားပေါ် မူတည်၍ အကွက်ရိုက်ပေးသည်။

ကျေးရွာပြောင်းရွှေ့မှု ၂၃ ရွာနှင့် ရွာမပြောင်းရွှေ့ရသော်လည်း ပူးတွဲ ပံ့ပိုးပေးခဲ့သော ရွာနှစ်ရွာ စုစုပေါင်း ၂၅ ရွာအတွက် ဆောင်ရွက်ပေးခဲ့သော လုပ်ငန်းများကိုလည်း ဖော်ပြပေးပါမည်။

Description: C:\Users\dsitd\Desktop\2-8-2024\44--5.JPG

Description: C:\Users\dsitd\Desktop\2-8-2024\45.JPG

Description: C:\Users\dsitd\Desktop\2-8-2024\46.JPG

ကျေးရွာပြောင်းရွှေ့မှုကြောင့် အိမ်ရာသစ်များ ထူထောင်ကြရာတွင် ဆောက်လုပ်ရေးပစ္စည်း၊ သွပ်၊ သံ၊ နန်းကြိုး၊ သံဖိနပ်၊ ဘိလပ်မြေမှအစ လိုအပ်သော အိမ်ဆောက်ပစ္စည်းများ ဝယ်ယူရေးဌာနမှ ယာဉ်ကြီးများ စီစဉ်ပေးခဲ့သည်။ အသုံးပြုလိုသူ အားလုံး၏ ဗဟိုချက်နေရာတွင်ရှိသော ကျေးရွာများ ပြောင်းရွှေ့ရေးကြီးကြပ်မှု စခန်းတွင်   လာရောက်၍  ယာဉ်တောင်းခံ သုံးစွဲနိုင်သည်။                       

ဆက်လက်ဖော်ပြပါမည်။