ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၃/၂ဝ၂ဝ) ကြိမ်မြောက် အစည်းအဝေးကို သြဂုတ် ၁၂ ရက်တွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ ယင်းအစည်းအဝေးတွင် အဝတ်အထည် အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှစ်ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီမှ သိရသည်။
အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ နှင့် ကော်မတီ အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များမှ Video Conferencing စနစ်အသုံးပြု၍ ပါဝင်ဆွေးနွေး ခဲ့သည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီသည် စက်မှုကဏ္ဍတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် Samoa တို့မှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု လုပ်ငန်းနှစ်ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုတို့ကို အတည်ပြု ပေးခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းများတွင် CMP စနစ်ဖြင့် Foam Mattress အမျိုး မျိုးထုတ်လုပ်ခြင်း၊ ကင်မရာအိတ် အမျိုးမျိုး ချုပ်လုပ်ခြင်းနှင့် အဝတ်အထည် အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်းတို့ ပါဝင်သည်။
အတည်ပြု ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေ ရိကန်ဒေါ်လာ ၆ ဒသမ ၉၆၄ သန်းနှင့် ငွေကျပ် ၂၁၇၄ ဒသမ ၂ သန်းဖြစ်ပြီး ယင်း လုပ်ငန်းသုံးခုတို့မှ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။