မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၉)တွင် ပွဲစဉ်သုံးပွဲစလုံး သရေရလဒ် ထွက်ပေါ်

 

မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၉)တွင် ပွဲစဉ်သုံးပွဲစလုံး သရေရလဒ် ထွက်ပေါ်

 

ရန်ကုန်  သြဂုတ်  ၁

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့်   မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၉)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစားခဲ့ရာ  သုံးပွဲစလုံး သရေရလဒ် ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ  ပွဲစဉ်(၉)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ စလင်းအားကစားကွင်း၌  ရှမ်းယူနိုက်တက်ယူ-၂၀ အသင်းနှင့် ဟံသာဝတီယူနိုက်တက် ယူ-၂၀ အသင်းတို့ကစားခဲ့ရာ တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပြီး    ဟံသာဝတီ ယူနိုက်တက်ယူ-၂၀ အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၆၆ မိနစ်တွင် ကောင်းမြတ်အောင်က သွင်းယူပေးနိုင်ခဲ့ပြီး   ရှမ်းယူနိုက်တက်ယူ-၂၀ အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၈၁ မိနစ်တွင် ကောင်းခန့်ဟိန်းက သွင်းယူပေးနိုင်ခဲ့သည်။

အလားတူ ညနေ ၃ နာရီခွဲတွင် ပဒုမ္မာ အားကစားကွင်း၌ ကစားခဲ့သည့်   ရခိုင်ယူနိုက်တက် ယူ-၂၀ အသင်းနှင့်   ISPE  ယူ-၂၀ အသင်းတို့ကစားခဲ့သည့်ပွဲစဉ်တွင် နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ကာ ရခိုင်ယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် မိနစ် ၃၀ တွင် သော်ဇင်နိုင်၊ ပွဲချိန် ၅၅ မိနစ်တွင် ထွဋ်အောင်ကျော်တို့က  သွင်းယူပေးနိုင်ခဲ့ပြီး ISPE  ယူ-၂၀ အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၈ မိနစ်တွင် မျိုးမြတ်ကျော်နှင့် ပွဲချိန် ၇၉ မိနစ်တွင် ရှိုင်းကိုကိုဇော်တို့က သွင်းယူပေးနိုင်ခဲ့ကာ ညနေ ၃ နာရီခွဲတွင် ဗဟန်းအားကစားကွင်း၌ ကစားခဲ့သည့် မဟာယူနိုက်တက်ယူ-၂၀ အသင်းနှင့် မြဝတီအက်ဖ်စီယူ-၂၀ အသင်းတို့ပွဲစဉ်တွင် ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၉)ပွဲစဉ်များအဖြစ် သြဂုတ်လ ၂ ရက်(ယနေ့) ညနေ ၃ နာရီခွဲတွင် ဗဟန်းအားကစားကွင်း၌ ရတနာပုံအက်ဖ်စီယူ-၂၀ အသင်းနှင့် ဒဂုံပေါ့ယူ-၂၀ အသင်း၊ ညနေ ၃ နာရီခွဲတွင် ပဒုမ္မာ အားကစားကွင်း၌  ဧရာဝတီယူနိုက်တက် ယူ-၂၀ အသင်းနှင့် Junior Lions အသင်း၊ သစ္စာအားမာန်ယူ-၂၀ အသင်းနှင့် ဒဂုံစတား ယူ-၂၀ အသင်းတို့ ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

Dates: 
Friday, August 2, 2024 - 12:23