နောင်ချိုမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide များ ဖမ်းဆီးရမိ
နေပြည်တော် သြဂုတ် ၁
နောင်ချိုမြို့နယ်တွင် ထိန်းချုပ်ဓာတု ပစ္စည်း Sodium Cyanide များ ဖမ်းဆီးရမိ ခဲ့ကြောင်း မြန်မာနိုင်င ံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၉ ရက် မွန်းတည့် ၁၂ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာရှိ ယန်ဆန်၏ နေအိမ်ခြံဝင်းကို သတင်းအရ ရှာဖွေရာ သံပီပါ ၂၇၀ အတွင်းမှ ထိန်းချုပ် ဓာတုပစ္စည်း Sodium Cyanide ၁၃၅၀၀ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ယန်ဆန် ၃၉ နှစ်နှင့် ယန်အင်ချီ ၄၁ နှစ်တို့ကို မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
Dates:
Friday, August 2, 2024 - 13:35