မတ္တရာမြို့နယ်၊ အောင်ချမ်းသာကျေးရွာကို တပ်မတော်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ

 

မတ္တရာမြို့နယ်၊ အောင်ချမ်းသာကျေးရွာကို တပ်မတော်က လက်နက်ကြီးများဖြင့်  ပစ်ခတ်တိုက်ခိုက်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ၂၀၂၄ ဩဂုတ် ၂

    မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အောင်ချမ်းသာကျေးရွာကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။

    အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ PDF အမည်ခံအကြမ်းဖက်သမားများသည် လက်နက်ကြီးများ၊ Drone များ အသုံးပြု၍ မြို့/ရွာများအတွင်းသို့ ဝင်ရောက်၍ စစ်ရေးနှင့်မသက်ဆိုင် သောနေရာများသို့ မဆင်မခြင် တိုက်ခိုက်မှုကြောင့် ပြည်သူ့အသက်/ အိုးအိမ် စည်းစိမ်များ ပျက်စီးရသည်ကို တပ်မတော်မှ ပစ်ခတ်တိုက်ခိုက်သည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက တပ်မတော်အား ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန်နှင့် ဒေသခံ ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် လူမှုကွန်ယက်တွင် မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေနေခြင်း သာ ဖြစ်ကြောင်း သိရှိရသည်။

Dates: 
Friday, August 2, 2024 - 20:08