နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ လာရောက် ဂုဏ်ပြုပေးအပ်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ လာရောက် ဂုဏ်ပြုပေးအပ်

 

နေပြည်တော်၊ ၂၀၂၄ ဩဂုတ်လ ၂ ရက်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက  စားသောက်ဖွယ်ရာ များ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလတ်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသီတာဦး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ တိုင်းမှူး ဗိုလ်ချုပ် စိုးမင်း၊ ပြန်ကြားရေးဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးများ၊ သမဝါယမနှင့်ကျေးလတ်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။ ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းကိုးဆယ်နှင့် ငွေကျပ်သုံးဆယ့်ငါးသိန်းတန်ဖိုးရှိ စားသောက် ဖွယ်ရာများကိုလည်းကောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းသုံးဆယ်နှင့် ငွေကျပ် သိန်းတစ်ရာခုနှစ်သောင်းငါးထောင်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်း ကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်တစ်ရာ နှစ်ဆယ့်တစ်သိန်းနှစ်သောင်းငါးထောင်တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ သမဝါယမနှင့်ကျေးလတ်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများ က ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာကိုလည်းကောင်း ပြည်ထောင်စုဝန်ကြီးများ နှင့် တာဝန်ရှိသူများ က တိုင်းမှူးထံ အသီးသီး ဂုဏ်ပြုပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။

အလားတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူ များက ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို တိုင်းစစ်ဌာန ချုပ် ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများက ပေးပို့လှူဒါန်းသည့် ငွေကျပ်ငါးရာတစ်ဆယ့်လေးသိန်းတစ်သောင်းခြောက်ရာ တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ကို ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါ စားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Saturday, August 3, 2024 - 01:58