နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ လာရောက် ဂုဏ်ပြုပေးအပ်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ လာရောက် ဂုဏ်ပြုပေးအပ်

နေပြည်တော်၊ ၂၀၂၄ ဩဂုတ်လ ၃ ရက်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက  စားသောက်ဖွယ်ရာ များ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နေပြည်တော် ကောင်စီ တို့မှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ထို့နောက် ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်ငါးဆယ်နှစ်သိန်းနှင့် ငွေကျပ်တစ်ဆယ့်ရှစ်သိန်း တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာ နှစ်ဆယ်ကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများ က ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်း တစ်ရာနှင့် ငွေကျပ်သိန်းတစ်ရာ တန်ဖိုးရှိ စားသောက်ဖွယ်ရာများ ကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်း တစ်ရာနှင့် ငွေကျပ်သိန်းနှစ်ရာနှစ်ဆယ့်ခြောက် သိန်းကျော် တန်ဖိုးရှိ စားသောက်ဖွယ် ရာများကိုလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများ က ပေးအပ်လှူဒါန်းသည့် ငွေကျပ်သိန်းတစ်ရာနှင့် ငွေကျပ်သိန်းတစ်ရာလေးဆယ့်ခြောက် သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ ဝန်ထမ်း မိသားစုများက ပေးအပ်လှူဒါန်းသည့်  ငွေကျပ်သိန်းတစ်ရာနှင့် ငွေကျပ် သိန်းနှစ်ရာတန်ဖိုးရှိ စားသောက်ဖွယ်ရာများအား လည်းကောင်း ပြည်ထောင်စုဝန်ကြီး  များနှင့် တာဝန်ရှိသူများက တိုင်းမှူးထံ အသီးသီး ဂုဏ်ပြုပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ စားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Dates: 
Saturday, August 3, 2024 - 19:29