လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေဖြစ်ပြီးနောက် ဖီအိုရင်တီးနားအသင်းနှင့် ဂိုးသမား ဒီဂီယာတို့၏ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှု ရပ်ဆိုင်းခဲ့ရ

 

လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေဖြစ်ပြီးနောက် ဖီအိုရင်တီးနားအသင်းနှင့် ဂိုးသမား ဒီဂီယာတို့၏ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှု ရပ်ဆိုင်းခဲ့ရ

 

     ဖီအိုရင်တီးနားအသင်းက ကလပ်အသင်းလက်မဲ့ ဖြစ်နေသည့် ဂိုးသမား ဒီဂီယာကိုခေါ်ယူရန် တရားဝင်ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း  လုပ်ခလစာ ညှိနှိုင်းမှု အဆင်မပြေဖြစ်ပြီးနောက် ဆွေးနွေးမှုရပ်ဆိုင်း ခဲ့ရကြောင်း သိရသည်။

အသက်  ၃၃  နှစ်အရွယ်  ဒီဂီယာသည်  မန်ယူအသင်း၌  ဆယ်စုနှစ်တစ်ခုကျော်ကြာ ကစားပြီးနောက် ၂၀၂၃   ခုနှစ်  ဇွန်လကုန်တွင်  အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးကာ  လမ်းခွဲပြီး တစ်နှစ်ကျော်ကြာ ကလပ်အသင်း လက်မဲ့ဖြစ်နေသူဖြစ်သည်။

ပြီးခဲ့သည့်နှစ်အပြောင်း အရွှေ့ကာလများကတည်း က ကလပ်အသင်း လက်မဲ့ဖြစ်နေသည့်   ဒီဂီယာကို မေဂျာလိဂ်ကလပ် အသင်းများနှင့်    ဆော်ဒီကလပ် အသင်းများက ခေါ်ယူရန် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ ကြသော်လည်း ဒီဂီယာကိုယ်တိုင်က ဥရောပမှ ကလပ် အသင်းတစ်သင်း၌သာ     ကစားလိုသည့်အတွက် ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ   နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလတွင်  ဒီဂီယာကို  စီးရီးအေကလပ် ဂျီနိုအာအသင်းက   စတင်ကမ်းလှမ်း ခဲ့သော်လည်း လုပ်ခလစာ ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့သဖြင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့သကဲ့သို့ ယခုအခါတွင်လည်း ဖီအိုရင်တီးနားအသင်းက တစ်နှစ်လုပ်ခလစာ စတာလင်ပေါင်  လေးသန်းသာ ပေးချေလိုသည့်အတွက်   အပြောင်းအရွှေ့ မဖြစ်မြောက်ဘဲ  ဆွေးနွေးမှု ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။  

Dates: 
Sunday, August 4, 2024 - 18:17