တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  သြဂုတ်  ၃

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  ဇူလိုင်လ ၃၁ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ချောင်းသာမြို့၊ ဥတိုချောင်းအတွင်း၌ စက်လှေ(၁)စင်းပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် FURUI တံဆိပ်ပါ  အချိုမှုန့် (၂၅) ကီလိုဂရမ်ပါ (၄၄)အိတ်၊ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ (၁၅၄) ဂါလန်  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၆၀၁၂)ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်   သြဂုတ်လ  ၁ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ  ထိန်းချုပ်ဓာတုပစ္စည်း (၃၉)မျိုးတွင် ပါဝင်နေသည့်  နမါသအောငညန (၁၂၄)ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၄၅၆၀၀၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌    ကုန်သေတ္တာ(၈)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် တရုတ်နိုင်ငံထုတ်  Happy Rose Tissue (၄၉၉၅)ကီလိုဂရမ်နှင့် ဟောင်ကောင်နိုင်ငံထုတ် 100%  Polyester Fiber Fill (၁၅၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၉၅၀၀၀၀)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ    တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့်  Solar Inverter  (၆)လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၅၀၀၀၀)ကို လည်းကောင်း၊ ရန်ကုန်လေဆိပ်(ကုန်လှောင်ရုံ)၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ်  Thermo 45 Hybrid Hot Pepper Seed (၁၇)ကီလိုဂရမ်အပါအဝင်     ကုန်ပစ္စည်း (၂)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၀၀၀၀၀၀)ကို လည်းကောင်း၊  မရမ်းချောင်အမြဲတမ်းစစ်ဆေးရေး စခန်း၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ်   Inno Plus High Density Polyethylene Resin (၂၅)ကီလိုဂရမ်ပါ (၆၃၀)အိတ်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၃၅၀၀၀၀)နှင့်   အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Dagon Tawwin Truck (၁)စီးနှင့် Ngwe Kyair Sin Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၁၃၀၆၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး    အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ်လ ၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ   (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ    တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် အမျိုးသမီးဝတ် အနွေးထည် (၇၆၀) ထည်၊  Mi Handset (Second) (၄၀၀)လုံး အပါအဝင် ကုန်ပစ္စည်း(၇)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၉၄၀၉၆၁၇၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux Surf (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကိုလည်းကောင်း၊ ကျွဲတပ်ဆုံစစ်ဆေးရေး စခန်း၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Lady Slipper Short Heel အမျိုးသမီးဖိနပ်(၂၀၆၄၀)ရန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၅၄၀၈၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် Zar Tha Pyin Truckု (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၉၆၃၆၉၇၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့ပြင်    သြဂုတ်လ  ၁ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပျဉ်းမနားခရိုင်၊ လယ်ဝေးခရိုင်နှင့် ဥတ္တရခရိုင်တို့အတွင်း၌  တရားမဝင်ကျွန်းသစ် (၄ ဒသမ ၃၅)တန်နှင့် အခြားသစ် (၁၇ ဒသမ ၈၃၃)တန်၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၄၅၆၆၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍    ဇူလိုင်လ ၃၁ ရက်နှင့် သြဂုတ်လ  ၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၀) မှု၊   (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၉၆၉၄၆၄၈)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု   တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

Dates: 
Sunday, August 4, 2024 - 18:31