လူတန်တောင်းအသင်းက အသင်းပရိသတ်များ ငွေကြေးကုန်ကျမှု မများစေရန် လာမည့်ဘောလုံးရာသီတွင် ပြီးခဲ့သည့်ဘောလုံးရာသီက ဝတ်ဆင်ခဲ့သည့် အိမ်ကွင်းဝတ်စုံကိုသာ ပြန်လည်အသုံးပြုမည်ဟု အတည်ပြု
လူတန်တောင်းအသင်းက အသင်းပရိသတ်များ ငွေကြေးကုန်ကျမှု မများစေရန် လာမည့်ဘောလုံးရာသီတွင် ပြီးခဲ့သည့်ဘောလုံးရာသီက ဝတ်ဆင်ခဲ့သည့် အိမ်ကွင်းဝတ်စုံကိုသာ ပြန်လည်အသုံးပြုမည်ဟု အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။
လူတန်တောင်းအသင်းသည် ပြီးခဲ့သည့် ဘောလုံး ရာသီက အသင်းသမိုင်းတစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တန်းတက် ကစားခွင့်ရရှိခဲ့သော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တစ်ရာသီသာ ကစားခဲ့ရပြီး လာမည့်ဘောလုံးရာသီတွင် အင်္ဂလန်ချန်ပီယံရှစ်သို့ တန်းဆင်းခဲ့ရခြင်းဖြစ်သည်။
လူတန်တောင်းအသင်းသည် ပြီးခဲ့သည့်ဘောလုံး ရာသီက ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ ပွဲကစားရာတွင် ခြောက်ပွဲနိုင်၊ ရှစ်ပွဲသရေ၊ ၂၄ ပွဲ ရှုံးနိမ့်ပြီး ရမှတ် ၂၆ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၁၈ ၌ ရပ်တည်နိုင် သည့်အတွက် ရာသီအကုန်တွင် ဘန်လေနှင့် ရှက်ဖီးလ် ယူနိုက်တက်အသင်းတို့နှင့်အတူ တန်းဆင်းခဲ့ရသည်။
လက်ရှိဘောလုံးလောကတွင် ကလပ်အသင်းအားလုံး နီးပါးသည် ရာသီသစ်အတွက် အိမ်ကွင်းဝတ်စုံများကို အပြောင်းအလဲ လုပ်ဆောင်ခဲ့သော်လည်း လူတန် တောင်းအသင်းက အသင်းပရိသတ်များ ငွေကြေးကုန်ကျမှု မများစေရန်အတွက် ပြီးခဲ့သည့်ဘောလုံးရာသီက ဝတ်ဆင်ခဲ့သည့် အိမ်ကွင်းဝတ်စုံကို လာမည့် ဘောလုံးရာသီတွင်လည်း ပြန်လည်အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။