တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  သြဂုတ်  ၄

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သြဂုတ်လ ၁ ရက်တွင် ပြည်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ်(၁၅ ဒသမ ၇၅၆)တန်နှင့် သစ်မာ(သုည ဒသမ ၁၉၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၃၄၈၀၀) ကိုလည်းကောင်း၊ သြဂုတ်လ ၂ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် (၃ ဒသမ ၇၁၂)တန်၊ အခြားသစ် (၂ ဒသမ ၈၄၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၁၃၆၅၃) ကိုလည်းကောင်း၊  စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၂၄၈၄၅၃)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ်လ ၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ  ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌   လိုင်စင်မဲ့ Nissan Murano မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ်လ ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျွဲတပ်ဆုံစစ်ဆေးရေး စခန်း၌ မိုင်းလားမြို့မှ   မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၃)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Camel အဝတ်လျှော်စက်(၂)လုံး၊ Man Slipper ကျားစီးဖိနပ် (၅၂၄၀)ရံ၊ Brake Shoe (၁၅၀)ကီလိုဂရမ်အပါ အဝင် လူသုံးကုန်ပစ္စည်း(၉)မျိုး၊ ဆိုင်ကယ်အပိုပစ္စည်း (၃၅)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၇၂၃၁၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Truck (၂)စီးနှင့် Mitsubishi Fuso Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၇၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၇၇၂၃၁၅၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် သြဂုတ်လ ၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ(၃)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့်   တရုတ်နိုင်ငံထုတ် Happy Rose Tissue (၄၀၁၁)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၉၅၀၇၉၄)ကို လည်းကောင်း၊   အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေး စခန်း၌ ကုန်သေတ္တာ (၁)လုံး အတွင်းမှ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် တရုတ်နိုင်ငံထုတ် Plastic Pallets (၈၃၀)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၀၇၂၅၀၀)ကို လည်းကောင်း၊ ထီးတန်းဆိပ်ကမ်း၌ ကုန်သေတ္တာ(၂)လုံးအတွင်းမှ ပိုင်ရှင်မှ စွန့်လွှတ်ကြောင်း တင်ပြလာသည့် Fuse (၁၅၈၄)ခု၊ Mini Helmet ( (၅၇၀၀)လုံး အပါအဝင် ကုန်ပစ္စည်း(၇)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၇၆၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်လေဆိပ်(ကုန်လှောင်ရုံ)၌ ပိုင်ရှင်မှစွန့်လွှတ်ကြောင်း တင်ပြလာသည့် တရုတ်နိုင်ငံထုတ် Medical Device Cholesterol Assay Kit (၅)ခု အပါအဝင် ကုန်ပစ္စည်း (၂၆)မျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၆၆၈၀၀)ကို လည်းကောင်း၊  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၇၂၆၆၀၉၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင် ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ သြဂုတ်လ ၁ ရက်နှင့် ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်၃၂၆၂၃၇၆၉၇)ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။  

Dates: 
Monday, August 5, 2024 - 15:29