မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၃)တွင် ချင်းလန်းအသင်းနှင့် University အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၃)တွင် ချင်းလန်းအသင်းနှင့် University အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

 

ရန်ကုန်  သြဂုတ်  ၅

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၃)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင်    ရန်ကုန်မြို့၌ယှဉ်ပြိုင် ကစားခဲ့ရာ ချင်းလန်းအသင်းနှင့် University  အသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၃)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌ ကချင်ယူနိုက်တက် အသင်းနှင့် ချင်းလန်းအသင်းတို့ ကစားခဲ့ရာ ခြေစွမ်းပိုင်းကွာခြားမှု မရှိခဲ့ဘဲ အပြန်အလှန်ဖိအားပေးမှုများဖြင့် အကြိတ်အနယ် ရှိခဲ့ကာ ချင်းလန်းအသင်းက ပွဲချိန်မိနစ်၃၀ တွင် သွင်းယူခဲ့သည့် လှဖုန်းဦး၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အလားတူ ညနေ ၃ နာရီခွဲတွင်  ရန်ကုန်မြို့ တက္ကသိုလ် အားကစားကွင်း၌ University  အသင်းနှင့် ဧရာဝတီရိန်းဂျား အသင်းတို့ကစားခဲ့ရာ University အသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့် ဖိအားပေး ကစားနိုင်ခဲ့ပြီး ၈ ဂိုး ၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ကာ University  အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃ မိနစ်တွင် ခွန်သန်းဦး၊ပွဲချိန် ၆ မိနစ်၊ ၃၃ မိနစ်နှင့် ၅၉ မိနစ်တွင် ဇော်ဇော်ထိုက်၊ ပွဲချိန် ၁၅ မိနစ်တွင် သန်းမြတ်စိုး၊ ပွဲချိန် ၄၃ မိနစ်တွင်ဧရာဝတီရိန်းဂျား အသင်းမှ သန်းထွန်းဇော်က ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ပြီး ပွဲချိန် ၄၆ မိနစ်တွင် ထက်ဝေယံ၊ ပွဲချိန် ၈၈ မိနစ်တွင် အောင်မြင့်မြတ်၊ ဧရာဝတီ ရိန်းဂျားအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၁၈ မိနစ်တွင် ဇေယျာဖြိုး၊ ပွဲချိန် ၁၉မိနစ်တွင် ကျော်ထက်တို့က သွင်းယူပေးနိုင်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၃) ပွဲစဉ်အဖြစ် သြဂုတ်လ ၆ ရက်(ယနေ့)ညနေ၃ နာရီခွဲတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌  Glory Goal   အသင်းနှင့် ရာမညယူနိုက်တက်အသင်း၊ ညနေ ၃ နာရီခွဲတွင် တက္ကသိုလ်အားကစားကွင်း၌ ရွှေပြည်သာ ယူနိုက်တက်အသင်းနှင့် ဆေးဗားစတား အသင်းတို့ ဆက်လက်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။ 

Dates: 
Tuesday, August 6, 2024 - 13:26