ထားဝယ်မြို့နယ်၊ ရန်ကုန်-ထားဝယ်-မြိတ်လမ်းမကြီးပေါ်ရှိ မောင်မယ်ရှောင်ရွာအား တပ်မတော်က မီးရှို့ဖျက်ဆီးဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ

ထားဝယ်မြို့နယ်၊ ရန်ကုန်-ထားဝယ်-မြိတ်လမ်းမကြီးပေါ်ရှိ မောင်မယ်ရှောင်ရွာအား တပ်မတော်က မီးရှို့ဖျက်ဆီးဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ - ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ရန်ကုန်-ထားဝယ်-မြိတ်လမ်းမကြီး  ပေါ်ရှိ မောင်မယ်ရှောင်ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ တည်ငြိမ်အေးချမ်း စွာ နေထိုင်နိုင်ရန်အတွက် အဆိုပါကျေးရွာတစ်ဝိုက်၌  အကြမ်းဖက်သမားများ၏ ခိုအောင်းလှုပ်ရှားသွားလာမှုများ မရှိစေရေး စစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက် နေမှုကို အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအား ပြည်သူလူထုမှ အထင်အမြင်လွဲစေရန်နှင့် အကြမ်းဖက်သမားများ လွတ်လပ် စွာ လှုပ်ရှားသွားလာနိုင်ရန်အတွက် အချိန်ကိုက်သတင်းအမှားများ ဖြန့်ဝေခြင်းဖြစ်ပြီး  ထိုကဲ့သို့ မီးရှို့ဖျက်ဆီးခြင်းမှာ အကြမ်းဖက်သမားများ၏ လုပ်ရပ်သာဖြစ်ကြောင်း သတင်းရရှိပါသည်။

Dates: 
Tuesday, August 6, 2024 - 18:52