ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်
ယမန်နေ့မှအဆက်
အခန်း (၂၅)
ကမ္ဘာကြီးပူနွေးလာခြင်း အကြောင်းရင်း
ကမ္ဘာကြီး၏အပူချိန်သည် လွန်ခဲ့သော နှစ်လေးသိန်းခန့်မှစ၍ ၁၇၅၀ ပြည့်နှစ်အထိ သိသိသာသာ တိုးလာခြင်းမရှိခဲ့ဟု သိပ္ပံပညာရှင်များက သုတေသနပြုထားကြသည်။ ဤကာလတွင် ကမ္ဘာကြီး၏ပျမ်းမျှအပူချိန် သည် ၁၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ် (၅၆ ဒီဂရီဖာရင်ဟိုက်) ခန့်တွင် တည်ငြိမ်နေခဲ့သည်ဟုဆိုသည်။
သို့သော် ၂၀၁၆ ခုနှစ်တွင် ဆန်းစစ်မှုအရ အပူချိန်မှာ ၁၄ ဒသမ ၈၄ ဒီဂရီစင်တီဂရိတ်အထိ တိုးလာသည်ဟုဆိုသည်။ ဆိုလိုသည်မှာ ၁၇၅၀ ပြည့်နှစ်ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် တိုးလာသည့်သဘော ဖြစ်သည်။
ဤကာလကို နှစ်ပိုင်းပိုင်းကြည့်ပါက ပထမပိုင်းဖြစ်သော ၁၇၅၀ ပြည့် နှစ်မှ ၁၈၈၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၁၃၀ အတွင်း အပူချိန်တိုးလာမှု မှာ သုည ဒသမ ၆၅ ဒီဂရီစင်တီဂရိတ်သာရှိခဲ့ပြီး ဒုတိယပိုင်းဖြစ်သော ၁၈၈၀ ပြည့်နှစ်နှင့် ၂၀၁၆ ခုနှစ်ကြား နှစ်ပေါင်း ၁၃၆ နှစ်အတွင်း တိုး တက်လာသောအပူချိန်မှာ သုည ဒသမ ၈၅ ဖြစ်လာခဲ့သည်။ ဒုတိယကာလတွင် ပို၍ပူလာသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသုတေသနကို Intergovernmental Panel on Climate Change (IPCC)က ပြုလုပ်ထား ခြင်းဖြစ်သည်။
ကမ္ဘာကြီးပူနွေးမှုကိုဖြစ်စေသော ဓာတ်ငွေ့များသည် မည်သည့် အကြောင်းအရာများကြောင့် လေထုအတွင်း ရောက်ရှိလာသည်ကို သုတေ သနပြုလုပ်လာကြသည်။ တွေ့ရှိမှုကို ကဏ္ဍခွဲ၍ ဖော်ပြကြသည်။
ယင်းကဏ္ဍအလိုက် အချိုးအစားများမှာ အောက်ပါအတိုင်းဖြစ်သည်-
ကမ္ဘာကြီးပူနွေးမှုဖြစ်စေသောကဏ္ဍအလိုက် အချိုးအစားများ
စဉ် အကြောင်းအရာ အချိုးအစား(%)
၁။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့်အပူစွမ်းအင်ရရှိရေးကဏ္ဍမှ ၂၅
၂။ မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍမှ ၂၄
၃။ သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ၁၄
၄။ စက်မှုကဏ္ဍမှ ၂၁
၅။ အဆောက်အအုံများကဏ္ဍမှ ၆
၆။ တခြားကဏ္ဍများမှ ၁၀
Source:IPCC (2014)
ကဏ္ဍအလိုက်ထုတ်လွှတ်မှုအချိုးသည် ကာလအလိုက် ပြောင်းလဲမှု ရှိသည်။ ကဏ္ဍတစ်ခုချင်းစီကို ပြန်လည်သုံးသပ်ကြည့်ပါမည်။
လျှပ်စစ်ဓာတ်အားနှင့် အပူရရှိရေး လုပ်ငန်းများမှ CO2 ထုတ်လွှတ်မှု
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကို အရင်းအမြစ်မျိုးစုံသုံး၍ ဆောင် ရွက်နိုင်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် အရင်းအမြစ်များကို နှစ်ပိုင်း ခွဲခြားကြည့်နိုင်သည်။ တစ်ပိုင်းမှာ တွင်းထွက်လောင်စာများ ဖြစ်သော ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ နျူကလီးယား စသည်တို့ကို သုံးစွဲခြင်းဖြစ်သည်။ နောက်တစ်ပိုင်းမှာ ပြန်လည်ပြည့်ဖြိုးနေသော ရေ အား၊ နေအား၊ လေအား၊ ဘူမိအပူ၊ ဒီရေနှင့်ဒီလှိုင်း၊ ဇီဝလောင်စာ စသည်တို့ သုံးစွဲခြင်းဖြစ်သည်။
ပထမအုပ်စုတွင် အရင်းအမြစ်များကို လောင်စာအဖြစ်မီးရှို့၍ ဓာတ် အားပေးစက်ရုံ လည်ပတ်ရာမှ ကမ္ဘာကြီးပူနွေးမှုကို အားပေးမည့် ဓာတ်ငွေ့များ ထွက်လာစေသည်။ ဓာတ်အားပေးစက်ရုံ အမျိုးအစားအလိုက် သုံးစွဲလိုက်သော လောင်စာကြောင့် ဓာတ်အားတစ်ကီလိုဝပ်နာရီထွက်ရှိ တိုင်း မှန်လုံအိမ်ဓာတ်ငွေ့ (GHG) ကီလိုဂရမ် မည်မျှထုတ်လုပ်သည် ကို ဆက်လက်ဖော်ပြမည့် ဇယားတွင် တွေ့ရှိနိုင်သည်။
ဤဇယားကို မဖော်ပြမီ တစ်ခုရှင်းလင်း ဖော်ပြလိုပါသည်။ ယင်းမှာ ကမ္ဘာကြီးပူနွေးလာစေမည့် ဓာတ်ငွေ့အားလုံးကိုခြုံငုံ၍ Green House Gas (GHG) (မှန်လုံအိမ်ဓာတ်ငွေ့) စသည်ဖြင့် ခေါ်ဝေါ်ကြသည်။ ဤ GHG ထုတ်လွှတ်မှုကို အများစုက ကာဗွန်ထုတ်လွှတ်မှုဟုလည်း ခေါ်ကြသည်။ ကာဗွန်ထုတ်လွှတ်မှုဟု ခေါ်လာကြခြင်းကြောင့် တချို့က ကမ္ဘာကြီး ပူနွေးမှုကို CO2 ကြောင့်သာဖြစ်ရသည်ဟု မှတ်ယူတတ်ကြ သည်။
သို့သော် GHG တွင် CO2 တစ်မျိုးတည်းပါဝင်နေခြင်းမဟုတ်။ တခြားဓာတ်ငွေ့များ၏ ပြင်းအားနှင့် CO2 ၏ပြင်းအားကို အချိုးချ၍ CO2 အဖြစ် တစ်ပေါင်းတည်း ကိန်းဂဏန်းပြောင်းပြီး ခေါ်နေကြခြင်း သာဖြစ်သည်။
GHG ထဲတွင် CO2 အချိုးသည် အများဆုံးပါဝင်နေ၍လည်း CO2 နှင့်ချိန်ညှိပြီး GHG ကို CO2 ဟုဆိုခြင်းလည်းဖြစ်သည်။
GHG ထဲတွင်ပါဝင်နေသော ဓာတ်ငွေ့အလိုက် (၂၀၁၄ ခုနှစ်) အချိုး အစားများမှာ-
ဖော်ပြခဲ့သည့် ကိန်းဂဏန်းမှာ နှစ်အလိုက် အပြောင်းအလဲရှိနိုင်သည်။
ကမ္ဘာ့ပျမ်းမျှအချိုးများသာဖြစ်သည်။ နိုင်ငံအလိုက် ကွဲပြားသော အချိုး များလည်းရှိသည်။
နမူနာအားဖြင့် ၂၀၁၉ ခုနှစ်တွင် ယူနိုက်တက်ကင်းဒမ်း (UK) တွင် ထုတ်လွှတ်ခဲ့သော GHG အချိုးမှာ-
GHG တွင်ပါဝင်နေသော CO2 ထက်ပြင်းသော ဓာတ်ငွေ့အသီးသီး ၏ ပြင်းအားအဆများအကြောင်း ပြန်ဆက်ပါမည်။ ဓာတ်ငွေ့အားလုံး သည် CO2 ထက် ပြင်းအားများကြောင်း တွေ့ရသည်။
ဓာတ်ငွေ့ CO2 ထက်ပြင်းအားအဆ
လျှပ်စစ်ကဏ္ဍမှထုတ်လွှတ်နေသော CO2 မှာ ဓာတ်အားထုတ်လုပ်မှု အရင်းအမြစ်မတူလျှင် ပမာဏမတူပါ။ ကွဲလွဲမှုများကို ဓာတ်အားတစ်ကီလို ဝပ်စီအတွက် အရင်းအမြစ် တစ်မျိုးစီမှ ထုတ်လွှတ်လိုက်သော CO2 ပမာဏများဖြင့် နှိုင်းယှဉ် ဖော်ပြပါမည်။
အရင်းအမြစ်တစ်မျိုးစီအလိုက် ဓာတ်အား တစ်ကီလိုဝပ်နာရီ
(တစ်ယူနစ်)အတွက် CO2 ထုတ်လွှတ်မှု
ဆက်လက်ဖော်ပြပါမည်။