ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ဗိုလ်လုပွဲသို့ တက်ရောက်

 

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲတွင် ကချင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ဗိုလ်လုပွဲသို့ တက်ရောက်

 

နေပြည်တော်  သြဂုတ်  ၆

    မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ပွဲစဉ်များကို  ယနေ့ညနေ  ၃ နာရီတွင် ပေါင်းလောင်း အားကစားကွင်းနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)တို့၌ ကျင်းပခဲ့သည်။

ယနေ့   အမျိုးသားဘောလုံးအကြိုဗိုလ်လုပွဲ ပွဲစဉ်များအဖြစ်   ပေါင်းလောင်း အားကစားကွင်း၌ ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မွန်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌    ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကချင်ပြည်နယ်အသင်းက     ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အသီးသီး အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၁ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲကို သြဂုတ်လ ၈ ရက် နံနက် ၇ နာရီတွင်  ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၁)၌   ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့်   ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း၊ ညနေ ၃ နာရီ တွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ်    ကချင်ပြည်နယ်အသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်၍ ဘောလုံးအားကစား ဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်းသိရသည်။

Dates: 
Wednesday, August 7, 2024 - 11:51