ဥရောပစူပါဖလား ဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား အမ်ဘတ်ပီ ပါဝင်ကစားမည်ဖြစ်ကြောင်း နည်းပြ အန်ဆယ်လော့တီ အတည်ပြု

 

ဥရောပစူပါဖလား ဗိုလ်လုပွဲတွင် ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်ကစားသမား အမ်ဘတ်ပီ ပါဝင်ကစားမည်ဖြစ်ကြောင်း နည်းပြ အန်ဆယ်လော့တီ အတည်ပြု

 

      ရီးယဲလ်မက်ဒရစ်အသင်းက  အသစ်ခေါ်ယူထားသည့် တိုက်စစ်ကစားသမား အမ်ဘတ်ပီအနေဖြင့်  ရီးယဲလ်မက်ဒရစ် အသင်းနှင့်     အတ္တလန္တာအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ဥရောပစူပါဖလား ဗိုလ်လုပွဲတွင်  စတင်ပါဝင် ကစားမည်ဖြစ်ကြောင်း နည်းပြအန်ဆယ် လော့တီက အတည်ပြုပြောကြားသည်။

အသက် ၂၅ နှစ်အရွယ် အမ်ဘတ်ပီသည် လက်ရှိ ကစားသမား အပြောင်းအရွှေ့ကာလတွင် ပီအက်စ်ဂျီ အသင်းနှင့်    စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် ရီးယဲလ်မက်ဒရစ် အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကစားခြင်းဖြစ်သည်။

အမ်ဘတ်ပီသည် ပြီးခဲ့သည့်ဇူလိုင်လက ပြင်သစ် အသင်းနှင့်အတူ ယူရို ၂၀၂၄ ပြိုင်ပွဲဝင်ရောက်ကစားခဲ့ပြီး အားလပ်ရက် ရရှိနေသည့်အတွက် အနားယူနေကာ လက်ရှိအချိန်ထိ  ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပူးပေါင်းနိုင်ခြင်း မရှိသေးဘဲ  ရီးယဲလ်မက်ဒရစ် အသင်း၏  ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်ပြီးဆုံးမှသာ အသင်းနှင့် ပူးပေါင်းမည်ဖြစ်ပြီး    ရီးယဲလ်မက်ဒရစ် အသင်းကစားသမားဘဝ     ပထမဆုံး ပွဲစဉ်အဖြစ် ဥရောပစူပါဖလားဗိုလ်လုပွဲတွင် စတင်ပါဝင်ကစား မည်ဖြစ်သည်။

နည်းပြ အန်ဆယ်လော့တီက “အမ်ဘတ်ပီအနေ နဲ့  ဥရောပစူပါဖလားဗိုလ်လုပွဲမှာ  အသင်းအတွက် စတင်ပါဝင်ကစားမှာပါ။ လက်ရှိ အသင်းမှာ ကစား သမားတွေမစုံလင်သေးဘူး ဆိုပေမယ့်     ဥရောပ စူပါဖလား ဗိုလ်လုပွဲမှာတော့  ကစားသမားအားလုံး ပြန်လည်ပါဝင်လာမှာပါ။ လက်ရှိအချိန်မှာ ဘယ်လင်ဟမ်လည်း အားလပ်ရက်မှာ အနားယူနေတယ်ဆိုပေမယ့် သူလည်းပြန်လည် ပါဝင်ကစားမှာပါ။ သူတို့ နှစ်ယောက်စလုံး ဥရောပစူပါဖလား ဗိုလ်လုပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားကြပါတယ်” ဟု  ပြောကြားခဲ့ကြောင်း သိရသည်။           

Dates: 
Wednesday, August 7, 2024 - 14:45