အတ္တလန္တာအသင်း အဓိက တိုက်စစ်ကစားသမား စကာမာကာ ဒူးအရွတ် စုတ်ပြဲဒဏ်ရာကြောင့် ခုနစ်လခန့် အနားယူရမည်

 

အတ္တလန္တာအသင်း အဓိက တိုက်စစ်ကစားသမား စကာမာကာ ဒူးအရွတ် စုတ်ပြဲဒဏ်ရာကြောင့် ခုနစ်လခန့် အနားယူရမည် 

 

   အတ္တလန္တာအသင်း အဓိကတိုက်စစ်ကစားသမား စကာမာကာသည် ရာသီကြိုခြေစမ်းပွဲ ခရီးစဉ်အတွင်း ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့သည့်အတွက် အနည်းဆုံး ခုနစ်လခန့် အနားယူရမည်ဟု အတ္တလန္တာအသင်းက အတည်ပြု ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ် စကာမာကာသည် ပြီးခဲ့သည့်နှစ်    နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလက ဝက်စ်ဟမ်းအသင်းမှ အတ္တလန္တာအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ၎င်းသည်  ပြီးခဲ့သည့် ဘောလုံးရာသီက   အသင်းနှင့်အတူ  အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ အတ္တလန္တာအသင်းက ယူရိုပါလိဂ် ဖလား ဆွတ်ခူးနိုင်ခဲ့ရာတွင်  အဓိက  ကစားသမား အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

စကာမာကာသည် လက်ရှိ အတ္တလန္တာအသင်း၏ ရာသီကြိုခြေစမ်းပွဲခရီးစဉ်တွင် ဒူးအရွတ်စုတ်ပြဲ ဒဏ်ရာရရှိခဲ့ပြီး    ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်သည့်အတွက် အနည်းဆုံး ခုနစ်လခန့် အနားယူရမည်ဖြစ်ပြီး  လာမည့် ဥရောပစူပါဖလားဗိုလ်လုပွဲအဖြစ်  ရီးယဲလ်မက်ဒရစ် အသင်းနှင့်  အတ္တလန္တာအသင်းတို့ ကစားမည့်  ပွဲစဉ် အပါအဝင်  ပွဲစဉ်အများအပြားကို  လွဲချော်မည်ဖြစ် သည်။

စကာမာကာသည်     ပြီးခဲ့သည့် ဘောလုံးရာသီက အတ္တလန္တာအသင်းနှင့် အတူ  ပြိုင်ပွဲစုံ   ၄၄  ပွဲပါဝင် ကစားခွင့်ရရှိခဲ့ကာ  ၁၉ ဂိုး   သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။                          

Dates: 
Wednesday, August 7, 2024 - 14:48