ရေစကြိုမြို့နယ်၊ ကိုရင့်ကျေးရွာကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဟုတ်မမှန်စွပ်စွဲရေးသား
နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ - ၇
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကိုရင့်ကျေးရွာကို ဩဂုတ် ၆ ရက်နေ့က လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၂၃ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်စွပ်စွဲရေး သားထားသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ဩဂုတ် ၆ ရက်နေ့က ရေစကြိုမြို့နယ်၊ ကိုရင့်ကျေးရွာအတွင်း PDF အမည်ခံအကြမ်းဖက်သမားများရောက်ရှိလာပြီး ၎င်းတို့လက်နက်ဝယ်ယူရန် အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သိန်းခွဲပေးဆောင်ရမည်ဟု ကျေးရွာ နေပြည်သူများထံမှ အဓမ္မကောက်ခံနေကြောင်းကို ၎င်းတို့အား အားပေးထောက်ခံခြင်း မရှိသည့် ကျေးရွာသားများမှ သတင်းပေးပို့ခဲ့သည့်အတွက် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင် များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ကျေးရွာ အတွင်းမှ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်ခဲ့သည့်အတွက် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်သမားများက ကျေးရွာအတွင်း နေအိမ်များကို မီးရှို့ထွက်ပြေးသွားခဲ့ ကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများက ယခုကဲ့သို့ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူများထံမှ အဓမ္မငွေကြေးကောက်ခံနေသည့် PDF အမည်ခံအကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ကာ တစ်ဖက်သတ်စွပ်စွဲရေးသား ထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် ပြည်သူများအထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။