တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြည်သူများ သေဆုံးပြီး နေအိမ်အဆောက်အဦများ ပြိုကျပျက်စီးခဲ့သည်ဟု သတင်းအမှားများ ရေးသားဖြန့်ဝေ
နေပြည်တော်၊ ၂၀၂၄ ဩဂုတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့အား ဇူလိုင်လအတွင်း တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၁၃ ဦး သေဆုံးပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့ရှိ ကျေးရွာများကိုလည်း တပ်မတော်မှ ဩဂုတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူများသေဆုံးပြီး စာသင်ကျောင်း၊ ဆေးရုံနှင့် ဈေးဆိုင် များ ပြိုကျပျက်စီးခဲ့ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
တပ်မတော်အနေဖြင့် အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆောင်ရွက်နေသည့်ကာလအတွင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူလူထု၏သတင်းပေးပို့မှုများဖြင့် အကြမ်းဖက်သောင်း ကျန်းသူများ ခိုအောင်း နေထိုင်သည့် နေရာများကိုသာ ပစ်မှတ်ထား၍ အကြမ်းဖက်မှု နှိမ်နှင်း ရေးကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိသည်။
သို့သော် အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များအား Drop Bomb များ ၊ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများ သေဆုံးခဲ့ရသည်ကို အကြမ်း ဖက်အားပေးပြည်ဖျက်မီဒီယာများက နိုင်ငံတကာမှ တပ်မတော်အပေါ် အထင်အမြင် လွဲမှားစေရန်နှင့် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန် အတွက် လူမှုကွန်ရပ်မှတဆင့် ဖြစ်စဉ်မှန်ကန်မှု မရှိသည့် သတင်းမှားများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။