အက်သလက်တီကိုအသင်းက မန်စီးတီးအသင်း တိုက်စစ်ကစားသမား အယ်ဗာရက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၉၅ သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိ

 

အက်သလက်တီကိုအသင်းက မန်စီးတီးအသင်း တိုက်စစ်ကစားသမား အယ်ဗာရက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၉၅ သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိ

 

    အက်သလက်တီကိုအသင်းက မန်စီးတီးအသင်း တိုက်စစ်ကစားသမား အယ်ဗာရက်ဇ်ကို ပြောင်းရွှေ့ ကြေး ယူရို ၉၅ သန်းဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

အက်သလက်တီကိုအသင်းက အယ်ဗာရက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၉၅ သန်းဖြင့်ခေါ်ယူရန် ကလပ်အသင်းနှစ်သင်းကြား  သဘောတူညီမှု ရရှိခဲ့သော်လည်း  ကစားသမားနှင့်   လုပ်ခလစာညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့သည့်အတွက်   အနည်းငယ်ကြန့်ကြာနေသော်လည်း  လက်ရှိတွင်  အက်သလက်တီကိုအသင်းနှင့် အယ်ဗာရက်ဇ်တို့ကြား  လုပ်ခလစာညှိနှိုင်းမှု အဆင်ပြေခဲ့သောကြောင့် အပြောင်းအရွှေ့အတွက် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

အက်သလက်တီကိုအသင်းက အယ်ဗာရက်ဇ်၏ အပြောင်းအရွှေ့အတွက်  ပြောင်းရွှေ့ကြေး  ယူရို သန်း ၇ဝ ကို ချက်ချင်းပေးချေ ရမည်ဖြစ်ပြီး နောက်ထပ် ၂၅ သန်းကို အပိုဆုကြေးအဖြစ် ပေးချေရမည်ဖြစ်သည့် အတွက် စုစုပေါင်း ယူရို ၉၅ သန်း ပေးချေရမည်ဖြစ်သည်။

အယ်ဗာရက်ဇ်သည်  မန်စီးတီးအသင်းတွင် ဘောလုံးရာသီတိုင်း အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ပွဲထွက်ကစားခွင့် ရရှိသော်လည်း  ဟာလန်း၏နောက်  ဒုတိယဦးစားပေး ကစားသမားအဖြစ်သာ ပါဝင်ခွင့် ရရှိနေသည့်အတွက် မန်စီးတီးအသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။                             

Dates: 
Thursday, August 8, 2024 - 15:09